ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, October 19, 2011

လေသင်တုန်းဖြတ် ဝေဒနာသည်များ ခြေထောက်ချိတ် ထိုင်နိုင်ခြင်းသည် ဝေဒနာ မှ ပြန်လည် ကောင်းမွန် လာစေသည့် လက္ခဏာ ဖြစ်ခြင်း


ပြင်းထန်တဲ့ လေသင် တုန်း ဖြတ်ခြင်းဝေဒနာ ခံစားရပြီးမကြာမီခြေထောက်ချိတ် ထိုင်နိုင်တဲ့ လူတွေဟာ ၎င်းတို့ ခံစားနေရတဲ့ ဝေဒနာ တွေကနေ ပြန်လည်ကောင်းမွန် လာနိုင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းဂျာမနီနိုင်ငံမှ သုတေသနပညာရှင်တွေကပြောကြားခဲ့ ပါသည်။ လေသင် တုန်း ဖြတ်ခြင်း ဝေဒနာနဲ့ ပတ်သက်တဲ့ လေ့လာမှုကိုဂျာမနီ နိုင်ငံရှိ မြူးနစ် တက္ကသိုလ်မှ ဒေါက်တာဘယ်ရန် ဖက်ဒါဆန် နဲ့ အဖွဲ့က ပြုလုပ်ခဲ့ တာဖြစ်ပြီးလေသင် တုန်းဖြတ် ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရပြီး (၁၅)ရက်အတွင်းခြေထောက်ချိတ် ထိုင်နိုင်သူတွေဟာအခြားလေသင်တုန်း ဝေဒနာ ခံစားရသူတွေထက် အာရုံကြောဆိုင် ရာ ပြဿ နာ ဖြစ်ပွားမှု နည်းပါးပြီးသေဆုံးမှုနှုန်းလည်းနည်းပါးတယ်လို့ ပြောကြားခဲ့ ပါသည်။ တစ်နှစ်ကြာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီလေ့လာမှုမှာ ပြင်းထန်တဲ့ လေသင်တုန်း ဝေဒနာ ခံစားနေရသူ (၆၈)ဦး ပါဝင်ပြီးအဲ့ဒီ ဝေဒနာသည် တွေထဲမှာအထူးကြပ်မတ် ကုသဆောင်မှ လေဖြတ် ဝေဒနာသည် တွေလည်း ပါဝင်ပါသည်။ အဲ့ဒီလေ့လာမှုအရခြေထောက်ချိတ် ထိုင်နိုင်တဲ့ သူတွေထဲမှ (၉)ရာခိုင်နှုန်းသာသေဆုံးကြပြီးခြေထောက်ချိတ် မထိုင်နိုင်တဲ့ သူတွေထဲမှာတော့ သေဆုံးသူ(၅၅) ရာခိုင်နှုန်းရှိကြောင်းသိရှိရပါသည်။


0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com