ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, October 23, 2011

တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသပေးမှုများနှင့်ပတ်သက်ပြီး တရုတ်ဆရာဝန်သုံးဦးကို ဖမ်းဆီး

တရုတ်နိုင်ငံရှိ ပုဂ္ဂလိကပိုင်ဆေးခန်းတစ်ခုတွင် တရားမ၀င်ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသပေးမှုများ ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဆရာဝန်သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေးပြည်နယ်၊ ပါကျိုးမြို့ရှိ ဆရာဝန်များသည် လူတစ်ဦးထံမှ ကျောက်ကပ်ကိုထုတ်ယူရန် ပြင်ဆင်ခဲ့သည်ဟူသော ရဲသတင်းပေးချက်ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား ခဲ့သည်။

အမှုကို စုံစမ်းစစ်ဆေးနေကြောင်းဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

တရုတ်နိုင်ငံတွင် အသက်ရှင်သည့် အလှူရှင်ထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ခင်ပွန်း (သို့မဟုတ်) ဇနီး၊ ဆွေမျိုးသားချင်းနှင့် မွေးစားမိသားစုဝင်များကို အစားထိုးကုသပေးမှုများ မလုပ်ရန် ၂၀၀၇ ခုနှစ်က တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း အစားထိုးကုသရန် လိုအပ်ချက်များကြောင့် တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှုများ လမ်းပွင့်လာခြင်းဖြစ်သည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သေဆုံးပြီးနောက်ပိုင်း ခန္ဓာကိုယ်အစိတ်ပိုင်းများကို လှူဒါန်းခွင့်ရှိသည့် အစီအစဉ်တစ်ခုကို တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည်။

Ref: AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com