ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, October 21, 2011

ဘန်ကောက်က ရေတံခါးတွေ ဖွင့်လိုက်ပြီ

ဒွန်မောန်နဲ့လက်ဆီခရိုင် တစိတ်တဒေသကို ရေဘေးအန္တရာယ်စိုးရိမ်ရတဲ့ဒေသတွေအဖြစ် မနေ့က ကြေညာလိုက်တဲ့ အတွက် မြောက်ပိုင်းက ထိုးကျလာတဲ့ရေတွေကို မြို့တော်တူးမြောင်းတွေကတဆင့် ပင်လယ်ထဲကို စီးထွက်စေဖို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သဘောတူလိုက်ပါတယ်။


ဘန်ကောက်ရှိ အဓိကတူးမြောင်း ၁၉ခု

ဒွန်မောန်ခရိုင် ဒွန်မောန် ခရိုင်ခွဲနဲ့ သွန်းဆီခန်နဲ့ လက်ဆီခရိုင်က ထွန်းဆောင်ဟောင်ခရိုင်ခွဲတွေမှာ နေထိုင်တဲ့သူတွေ အတွက် ရေဘေးသတိပေးကြေညာချက်ကို မနေ့ညက ဘန်ကောက်အုပ်ချုပ်ရေးမှူး ဆူခွန်ဟန်းဖာရိဘတ်ထရာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ ဒုတိယအကြိမ် သတိပေးချက်ဖြစ်ပါတယ်။ အရင်တခါက ခရိုင် (၇)ခုကို ထုတ် ပြန်ခဲ့တဲ့သတိပေးကြေညာချက်မှာတော့ သူတို့ပိုင်ပစ္စည်းတွေကို မြင့်တဲ့နေရာကိုပဲ ရွှေ့ပြောင်းခိုင်းတာဖြစ်ပါတယ်။

အစိုးရရဲ့ရေဘေးစီမံခန့်ခွဲမှုအစီအစဉ်အရ ဘန်ကောက်က ရေတံခါးတွေအကုန်လုံး ဖွင့်လိုက်တာဖြစ်တယ်လို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွန်ဟန်း က မနေ့က ပြောပါတယ်။

ရေတံခါးတွေအကုန်လုံးဖွင့်ပစ်ရမယ်။ ရေတွေ တိုက်ရိုက် စီးထွက်အောင်လုပ်ရမယ်။ ရေတားတံတိုင်းတွေက နောက် ထပ်ဝင်လာတဲ့ရေတွေကိုပဲ ခံနိုင်ရည်ရှိတယ်။ လို့ ၀န်ကြီးချုပ် ခွန်ယင်လပ်က ပြောပါတယ်။

ရေမြုပ်နေတဲ့ လန်စစ်ဈေးအနီးက မြင်ကွင်း

လန်စစ်ပထုံဌာနရီလမ်းမကြီးပေါ်မှာ သူ့ခွေးတွေသယ်လာတဲ့ မိန်းမကြီးတယောက် မြင်ကွင်း

ရေဘေးဒုက္ခသည်တွေအတွက် အိမ်သာလုပ်ဖို့ ပလပ်စတစ်ထိုင်ခုံတွေကို အပေါက်ဖောက်နေတဲ့ ချူလာလောင်ခေါန်တက္ကသိုလ်က နိုင်ငံခြားသား ဧည့်သည်တွေ

အယုဒ္ဓယ၊ ဥထိုင်းခရိုင်က အာရှိအဝေးပြေးလမ်းမကြီးပေါ်မှာ ကျောက်အိတ်တံတိုင်းတွေ နဲ့ရေတားနေပုံ

နွန်ဌာဘူရီခရိုင်၊ ဘန်းဘွာထုန်မှာ ရေလွတ်ရာရွှေ့ပြောင်းလာတဲ့ အဖိုးအိုကို အိမ်နီးခြင်းတဦးက ကူနေပုံ


ချာအန်းဝပ်သာန လမ်းမအနီး ခလုန်ဖရားပါလမ်းတလျှောက် မော်တော်ဆိုင်ကယ် စီးလာကြပုံ

အောက်တိုဘာ ၂၁၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com