အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာနစီဒီစီ မှ ယခု(၂၀၁၁) ခုနှစ်အတွင်းတုပ်ကွေးရာသီမှာလူတိုင်းတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းလိုက်ပြီး ပြီးခဲ့တဲ့နှစ်ကတုပ်ကွေးရောဂါ ကာကွယ်ဆေးကိုလိုအပ်တဲ့ အတိုင်းအတာအထိထိုးနှံခြင်းမရှိခဲ့မှု အပေါ် သတိပေးပြောဆိုသွားခဲ့ပါသည်။ ဒါကြောင့် ယခုနှစ်မှာအသက်(၆)လ အရွယ်မှစပြီးလူတိုင်းတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးဖို့နဲ့ အသက်(၆)လနဲ့ (၈)နှစ် အရွယ်ကြားကလေးတွေဟာယခင်နှစ်ကကာကွယ်ဆေးမထိုးခဲ့ရင် ယခုနှစ်မှာဆေး(၂)ကြိမ် ထိုးနှံရမှာ ဖြစ်ကြောင်းစီဒီစီ မှ ပြောကြားလိုက်ပါသည်။
တုပ်ကွေးရောဂါကို သဘာဝ နည်းလမ်းနဲ့ ကာကွယ်ချင်တယ် ဆိုရင် ပထမဆုံးအနေနဲ့ ကျန်းမာရေးကောင်းအောင် နေထိုင်ရမှာ ဖြစ်ပြီးတစ်နေ့ကိုကိုယ်လက် လေ့ကျင့်ခန်းမိနစ်(၃၀) ပြုလုပ်ကာအသီးအနှံနဲ့ ဟင်းသီးဟင်းရွက် စားသုံးပါကသွေးလည်ပတ် မှု ကောင်းမွန်ပြီးတုပ်ကွေးရောဂါကိုကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ဒါ့အပြင် ဗီတာမင်ဒီဓါတ်မချို့တဲ့ အောင် ဂရုစိုက်ကာအသင့်ပြုပြင်ထားတဲ့ အစားအစာတွေကိုရှောင်ကြဉ်ခြင်းဟာလည်းတုပ်ကွေးရောဂါကိုကာကွယ်တားဆီးဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါ သည်။ ကော်ဖီသင့်တင့်ရုံသောက်သုံးခြင်းနဲ့ အဲလ်ဒါဘယ်ရီသီးနှံစားသုံး ခြင်းဟာလည်းတုပ်ကွေးရောဂါ လက္ခဏာတွေ ကိုလျော့ကျ စေနိုင်မှာ ဖြစ်ပါသည်။ (၁၉၉၀) ခုနှစ်များကအစ္စရေးသုတေသီတွေဟာအဲလ်ဒါဘယ်ရီသီးကိုစမ်းသပ်ခဲ့ရာအဆိုပါ အသီးဟာတုပ်ကွေးဗိုင်းရပ်စ်တွေ ပွားများလာမှုကို နှေးကွေးစေပြီးတုပ်ကွေးရောဂါ လျင်မြန်စွာပျောက်ကင်းနိုင်တာကိုတွေ့ရှိခဲ့ ကြောင်းသိရှိရပါသည်။













0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်