Sunday, October 23, 2011

အာရပ်နွေဦးတော်လှန်ရေးစတင်ခဲ့သည့် တူနီးရှားတွင် လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပ

w74_20
တူနီးရှားနိုင်ငံ မဲရုံတစ်ခုရှေ့တွင် မဲပေးရန် စောင့်ဆိုင်းနေသူများကို အောက်တိုဘာလ ၂၃ ရက်က တွေ့ရစဉ်

အာရပ်နွေဦးတော်လှန်ရေး စတင်ခဲ့သည့် တူနီးရှားတွင် အာဏာ ရှင်ဘင်အလီကို ဖြုတ်ချနိုင်ခဲ့ပြီး ကိုးလအကြာတွင် ပထမဆုံးအကြိမ် လွတ်လပ်သော တိုင်းပြည်ပြု ရွေးကောက်ပွဲများကို အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။ ဒေသစံတော်ချိန်နံနက် ၇ နာရီမှစ၍ မဲဆန္ဒရှင် ၇ ဒသမ ၂ သန်းသည် အမတ် ၂၁၇ ဦးရှိသည့် တိုင်းပြည်ပြု လွှတ်တော်အတွက် မဲပေးခဲ့ပြီး ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ပြီးနောက် ယင်းလွှတ်တော်တွင် အခြေခံဥပဒေသစ် တစ်ခု ကို ရေးဆွဲမည်ဖြစ်သည်။ လွှတ်တော်သည် မူကြမ်းရေးဆွဲမှုကာလအတွက် ယာယီသမ္မတနှင့် ယာယီအစိုးရတစ်ရပ်ကို ခန့်အပ်ပေးရမည်ဖြစ်သည်။ မူကြမ်းရေးဆွဲမှုမှာ တစ်နှစ်ခန့် ကြာမည်ဟု ခန့်မှန်းရသည်။

ဘင်အလီ လက်ထက်က ပိတ်ပင်ခံရသော Ennahda ပါတီသည် မဲအများဆုံးရရှိလိမ့်မည်ဟု ယူဆရသည်။ ၎င်းပါတီသည် အလယ်အလတ် အစ္စလမ္မစ်ပါတီ ဖြစ်သည်။ လွှတ်တော်သည် အုပ်ချုပ်မည့် အစိုးရပုံစံကို ရွေးချယ်ရမည်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေးကဲ့သို့ အခြေခံလွတ်လပ်ခွင့်များကိုလည်း အာမခံရမည်ဖြစ်သည်။

Ennahda ပါတီသည် ရပ်ကွက်များတွင် ပျော့ပျောင်းမှု ပြသနေသော်လည်း ဗလီများတွင်မူ အစွန်းရောက်မှုများရှိနေသည်ဟု စွပ်စွဲခံနေရသည်။ တိုးတက်သည့် လက်ဝဲ၀ါဒီများမှာ နှစ်ခြမ်းကွဲလျက်ရှိနေပြီး ပါတီခေါင်း ဆောင်များမှာလည်း ရွေးကောက်ပွဲ မကျင်းပမီက မဟာမိတ်မဖွဲ့နိုင်ခဲ့ပေ။ ပြည်တွင်းစစ်ပွဲဖြစ်ပွားခဲ့သော အိမ်နီးချင်း လစ်ဗျားနိုင်ငံနှင့် မတူခြင်းမှာ တူနီးရှား၏ ဒီမိုကရေစီလမ်းကြောင်းမှာ အများအားဖြင့် ငြိမ်းချမ်းမှုရှိခဲ့ပြီး အသွင်ကူးပြောင်းရေး နှေးကွေးမှုအပေါ် ဆန္ဒပြမှုအချို့နှင့် ကွန်ဆာဗေးတစ် အစ္စလာမ္မစ်ဝါဒီတို့က နိုင်ငံရေးတွင် ဘာသာရေးလွှမ်းမိုးမှု ကင်းစင်အောင် ပြုလုပ်ခြင်းအပေါ် ပြတ်တောင်းပြတ်တောင်း ဆန့်ကျင်မှုသာ ပြုလုပ်ခဲ့သည်။

ရလဒ်များကို လိမ်လည်ရန်၊ မှားယွင်းအောင်လုပ်ရန် အခွင့်အရေး မရသလောက်ဖြစ်ကြောင်း ဥရောပ သမဂ္ဂလေ့လာရေးကော်မရှင်က ပြောကြားခဲ့သည်။မဲလိမ်မှုအား စစ်ဆေးတွေ့ရှိရပါက ဆန္ဒပြအုံကြွမှုပြုလုပ်မည်ဟု Ennahda ပါတီက သတိပေးခဲ့သော်လည်း ပါတီခေါင်ဆောင် ရာချက်ဂါနုချီကမူ ပါတီအနေဖြင့် ရလဒ်များကို အသိအမှတ်ပြုမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၁ ရက် နေ့က ပြောကြားခဲ့သည်။

မဲရေတွက်မှုကို ညနေ ၇ နာရီ တွင် စတင်ခဲ့ပြီး နောက်ဆုံးရလဒ် များကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသ

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်