Friday, October 21, 2011

နှစ် (၂၀) ကျော် သီချင်းများနှင့် သိန်းတန် (မြန်မာပြည်) ၏ တေးဂီတ ဖျော်ဖြေပွဲ

e4296

အမိမြေနှင့် အနှစ် ၂၀ ကျော် ခွဲခွာခဲ့သည့် စတူဒီယိုခေတ်ဦးက နိုင်ငံကျော် အဆိုရှင်သိန်းတန် (မြန်မာပြည်)၏ အနှစ် ၂၀ ကျော် သီချင်းတွေနဲ့ ပြန်ဆုံမယ့်ည အမည်ရှိ တေးဂီတ ဖျော်ဖြေပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့က မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာ ဖျော်ဖြေရေးစင်မြင့်တွင် ကျင်းပခဲ့သည်။

မန္တလေးသားတစ်ပိုင်း၊ အင်းဝဇာတိသားမို့ ထင်ပါ၏။ ဖျော်ဖြေပွဲ၏အဖွင့်က တစ်စိမ်းစာနာသော နွေးထွေး လှိုက်လှဲမှုများစွာဖြင့် သီပေါသား တက္ကသိုလ်ရဲအောင် ရေးစပ်ခဲ့သောမန်းမြေမှာ လေးနှစ်တာ ဟူသော တစ်ချိန်က မန္တလေးတက္ကသိုလ်ဖွဲ့သီချင်းကို ၀မ်းမြောက်ဝမ်းသာစွာ သီဆိုခဲ့သည်။ လက်ခုပ်သံတွေက ...

e4296ae4296be4296c

ဆိုပြီးမှနိဒါန်းပျိုးသည်။ ‘ကျွန်တော်က အနှစ် ၂၀ ကျော်မှ မြန်မာပြည် လာရောက်ဖြစ်တာ ခွင့်လွှတ်ပါ။ အမိမြန်မာပြည်ကို ပြန်ရောက်လာတာကို ၀မ်းသာ ဂုဏ်ယူမဆုံးပါဘူး။ အင်းဝဇာတိသား အညာသားလေး တစ်ယောက်ကို အဆိုတော် သိန်းတန်(မြန်မာပြည်)လို့ အသိအမှတ်ပြုပေးခဲ့တဲ့ ပရိသတ်ကြီးရဲ့ ကျေးဇူးကို တစ်နေ့မှမေ့မရပါဘူး’ ဟု သိန်းတန်(မြန်မာပြည်)က ပြောဆို ခဲ့သည်။

ဖျော်ဖြေပွဲ၌ Lခွန်းရီက အား ဖြည့်သီဆိုခဲ့သည့် နည်းတူ ရွှေသုန္ဒရီ ကို မေသန်းနုကလည်း အကဖြင့် ဖျော်ဖြေခဲ့သည့်အပြင် သီချင်းများကိုလည်း သီဆိုဖျော်ဖြေခဲ့ကြသည်။ ဇော်ဝင်းထွဋ်အပြင် လူငယ်အဆိုတော်များလည်း ၀င်ရောက်ဖျော်ဖြေ ခဲ့ကြသည်။ အင်ပါယာတီးဝိုင်း က တီးခတ်ပေးခဲ့သည့် နည်းတူ မြန်မာပြည် ကျောက်စိမ်းဆိုင်းဝိုင်းဖြင့်လည်း ဖျော်ဖြေခဲ့သည်။

နှစ်ပေါင်းများစွာ အမေရိကမှာ နေထိုင်ခဲ့သူဆိုသော်လည်း မြန်မာသံ၊ စတီရီယို၊ အက အလှများဖြင့် တေးဂီတပဒေသာကပွဲသဖွယ် ဖျော်ဖြေ တင်ဆက်ခဲ့သည်က အင်းဝမြို့ ဟောင်းမှာမွေး၍ ရတနာပုံမှာ ကြီးပြင်းခဲ့ရသူ ဆိုတော့ အဆုံးသတ်မှာ မြနန္ဒာ၊ နောက်နှစ်ကိုလည်း ဆီးလို့ ကြိုကွယ်စသည့် သင်္ကြန်သီချင်းများ ကိုဆိုရင်း မန္တလေး အထာကြေကြောင်း ပြသခဲ့လေသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်