Wednesday, October 19, 2011

friend.ly အား Facebook တွင် မြင်တွေ့ရတော့မည်

 
နယူးယောက် ။    ။ Facebook ၏ လူမှုရေးရာအမေးအဖြေဝန်ဆောင်မှု လုပ်ငန်း၏ နောက်ကွယ်မှ ဖြေဆိုမှု လုပ် ငန်းကိုဆောင်ရွက်နေသည့် friend.ly ကုမ္ပဏီအားဝယ်ယူလိုက်ပြီ ဖြစ်ကြောင်းတနင်္လာနေ့ကတရားဝင် ကြေငြာလိုက်ပြီ ဖြစ်သည်။
ဆီလီကွန် တောင်ကြားဟုအမည်ရသည့် အီလက်ထရွန်းနစ် ကမ္ဘာတွင် ရှိနေသည့် friend.ly ကုမ္ပဏီမှာလူအများအကြားတွင် မိမိတို့၏ အကြောင်းများကိုဖော်ပြရန်နှင့် အခြားသူများနှင့် တွေ့ဆုံရန် အတွက် အမေးအဖြေများကို ပြုလုပ်ပြီးဆက်သွယ်သည့် နည်းကိုမိတ်ဆက်ပေးသည့် ကုမ္ပဏီိတစ်ခုပင် ဖြစ်သည်။ ယခုလိုဝယ်ယူလိုက်ခြင်းဖြင့် friend.ly အနေဖြင့် Facebook ၏ စီမံကိန်းအသစ်များကိုပိုမိုအာရုံစိုက် လုပ်ဆောင်သွားမည် ဖြစ် ကာသီးခြားဝန်ဆောင်မှု ပေးသည့် ဌာနတစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်သည်ဟုယင်းကုမ္ပဏီမှ ၎င်းတို့၏ ဘလော့တွင် ရေးသားဖော်ြ ပခဲ့သည်။ ယခုလိုဝယ်ယူမှုနှင့် ပတ်သက်ပြီးမည်သည့် ပမာဏဖြင့် ဝယ်ယူခဲ့သည် ဆိုသည့် အချက်များနှင့် မည်သည့် အချိန်တွင် အပြီးသတ် ဝယ်ယူမည် ဆိုသည့် အချက်များကိုမူအသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်