ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, October 23, 2011

Google မှာ Buzz ကို ပိတ်ပစ်တော့မယ်

Google mail မှာ Buzz ကို ပိတ်ပစ်တော့မယ်လို့ သတင်းတစ်ပတ် အနည်းငယ်က Google ဘလောက်မှာ ကြေငြာထားပါတယ်။ Google က Code Search (Open-source ကုဒ်များ ရှာဖွေရေး အင်ဂျင်) နဲ့ jaiku လို့ခေါ်တဲ့ twitter ကဲသို့သော microblogging ဆားဗစ် စသည်တွေကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ပေးခဲ့ပါတယ်။

Google Buzz ကိုတော့ ၂၀၁၀ ဖေဖော်ဝါရီလက စတင်ခဲ့ပြီး Gmail user ရဲ့ status message တွေကို အလိုအလျှောက် post တစ်ခုအနေနဲ့ Buzz မှာ တင်သွားနိုင်အောင်လုပ် ထားတာဖြစ်ပြီး အဲဒီ post ကိုလည်း email ထဲက မိတ်ဆွေအားလုံး ဖတ်လို့ ကွန့်မန့်ပေးလို့ရအောင် လုပ်ထားတဲ့အတွက် ပြစ်တင်ဝေဖန်မှု အတော်များများ ခံလိုက်တဲ့ feature တစ်ခု ဖြစ်ပါတယ်။

အမျိုးသမီး တစ်ယောက်က သူ့ဘလောက်မှာ ရေးထားတာကတော့ Google buzz ဟာ လူအများ မသိစေချင်တဲ့ သူမရဲ့ အွန်လိုင်းဆောင်ရွက်မှုအချို့ကို သူမရည်းစားဟောင်းနဲ့ သူငယ်ချင်းများစွာကို ဖွင့်ချလိုက်သလိုပါပဲတဲ့။

Google Buzz က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ရက်အတွင်းမှာပဲ Gmail အသုံးပြုသူ နာမည်ကြီး တော်တော်များများရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းတွေက ဟိုးလေးတကျော် ဖြစ်စေခဲ့ပါတယ်။

Buzz ကို ပိတ်လိုက်ရင်တော့ Buzz မှာ ပို့စ်တွေ တင်လို့ရမှာမဟုတ်တော့ပါဘူး။ ဒါပေမဲပ တင်ထားပြီးသား ပို့စ် အဟောင်းတွေကို ပြန်လည်ဖတ်ရှုနိုင်မှာဖြစ်ပြီး၊ ဒေါင်းလုပ် လုပ်ပြီးတော့ ကိုယ့်စက်ထဲမှာ သိမ်းထားနိုင်ပါမယ်။

Google ရဲ့ လုပ်ငန်းရဲ့ ဒုတိယ အကြီးအကဲ Bradley Horowitz က ကုမ္ပဏီဘလောက်မှာ ရေးထားတာကတော့ ကျွန်တော်တို့ Buzz ကနေ အများကြီး အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်တဲ့။ အဲဒီကနေ အခြေခံပြီးတော့ အခုလူသုံးများလာတဲ့ Google+ ကို ပိုပြီးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ buzz ကို ပိတ်ပစ်တာဖြစ်တယ်။ ဒါပေမဲ့ ဖြုတ်ပစ်မယ့် ဆားဗစ်တွေထဲက ကောင်းကွက်လေးတွေကိုတော့ တခြား တစ်နေရာရာမှာ ပြန်သုံးမယ်လို့ ပြောဆိုခဲ့ပါတယ်။

Google ရီပို့မှာတော့ ၃ လသား Google+ ဟာ အခုဆိုရင် အသုံးပြုသူ သန်း ၄၀ ရှိနေပြီးတော့၊ Facebook ထက်တောင် လူကြိုက်များလာပါတယ်လို့ ဆိုပါတယ်။

Google+ စတင်တဲ့အချိန်၊ invite လုပ်မှ အသုံးပြုလို့ ရတဲ့အချိန်မှာကိုပဲ အသုံးပြုသူ ၁၀ သန်းကျော် ရှိခဲ့ပြီး၊ စက်တင်ဘာနှောင်းပိုင်းမှာတော့ invite လုပ်စရာမလိုပဲ အသုံးပြုလို့ရအောင် ဖွင့်ချပေးခဲ့ပါတယ်။

ကိုဘလိတ်

source: CNN

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com