ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, October 19, 2011

i Phone ထုတ်ကုန်သစ် တစ်ရက် အတွင်းမှာယူမှု တစ်သန်းအထိရှိ

i Phone အသစ် ထုတ်လုပ်ကြောင်းကြေငြာခဲ့ပြီးအမှာစာစတင် လက်ခံသည့် ပထမနေ့မှာပင် ဖုန်းအလုံးပေါင်းတစ်သန်းအထိအမှာစာရရှိခဲ့ကြောင်း Apple ကုမ္ပဏီမှ ထုတ်ပြန် ပြောကြားလိုက်ကာယခုလိုထုတ်ကုန်သစ်ကို Apple ထူထောင်သူ Steve Jobs မသေဆုံးမီတစ်ရက် အလိုကစတင် ပွဲထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းတို့၏ ဖုန်းသစ် iPhone 4s ကိုဂျပန်နှင့် အမေရိကန် အပါအဝင် နိုင်ငံ ၇ ခုရှိအရောင်းစင်တာများမှ လွန်ခဲ့သောသောကြာနေ့ကစတင်ပြီးအမှာစာများလက်ခံခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သောတနင်္လာနေ့ကကုမ္ပဏီမှ ပြောရာ၌ ပထမနေ့ အမှာစာရင်းများအရ Apple ကုမ္ပဏီ၏ သမိုင်းကြောင်းတစ်လျှောက်တွင် အများဆုံးအမှာစာရရှိမှု တစ်ခု ဖြစ်ကြောင်းနှင့် ယခင် iPhone မော်ဒယ်ဟောင်းစတင် ပွဲထုတ်စဉ်ကရရှိခဲ့သည့် စံချိန် ၆၀၀၀၀၀ ထက်စာပါကသိသိသာသာပင် များပြားနေကြောင်းသိရသည်။ ယခု iPhone အသစ်မှာပိုမိုကောင်းမွန်သည့် ကင်မရာသစ်နှင့် အတူယခင် ဖုန်းများထက် Download လုပ်ရာ၌ နှစ်ဆပိုမို မြန်ဆန်ကြောင်းလည်းသိရသည်။ ထို့အပြင် ယခုဖုန်းမှာ Steve jobs ၏ နောက်ဆုံးဒီဇိုင်းလည်း ဖြစ်သောကြောင့် ယခုလိုရောင်းအားကောင်းခဲ့ရခြင်း ဖြစ်သည်ဟုသိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com