ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, October 23, 2011

၂၀ ရာစု မြန်မာ့ပန်းချီဆရာများ၏ ပန်းချီကားများပါဝင်သော Once Upon A Time ပြပွဲကျင်းပ

w74_08

၂၀ရာစု မြန်မာ့ပန်းချီဆရာကြီးများ၏ လက်ရာပန်းချီကားများ ပါဝင်သော Once Upon A Time ပန်းချီပြပွဲကို ပန်းဆိုးတန်း ပန်းချီခန်းမ၌ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြပွဲတွင် တစ်ချိန်ကထင်ရှားအောင်မြင်ခဲ့သော ပန်းချီဆရာများ၏ လက်ရာများအပြင်ရေး ဟန်အသစ်များကို ဦးစွာရေးဆွဲခဲ့ကြသော ပန်းချီဆရာများ၏ လက်ရာများကိုလည်း ထည့်သွင်းပြသခဲ့ကြောင်း သိရှိရသည်။

ယင်းပြပွဲနှင့်ပတ်သက်၍ ပန်းဆိုးတန်းပန်းချီပြခန်းမှတာဝန်ခံက ''အခုလိုမျိုး ရှေးဟောင်းပန်းချီလက်ရာပြပွဲကို ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တစ်ခေတ်တစ်ခါက ပန်းချီဆရာကြီးတွေရဲ့ လက်ရာ တွေကို ၀ယ်ယူ စုဆောင်းသူတွေ စုဆောင်းနိုင်အောင်၊ ကြည့်ချင်တဲ့လူတွေလည်း ကြည့်လို့ ရအောင်ပါ။နောက်တစ်ချက်က အခုပြပွဲမှာ ဟိုးလွန်ခဲ့တဲ့ နှစ်တော်တော်ကြာက ပန်းချီတင်မဟုတ်ဘဲ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကကွယ်လွန် ခဲ့တဲ့ ပန်းချီဆရာကြီးတွေရဲ့ ထင်ရှားတဲ့ လက်ရာတွေ၊ နာမည်အရမ်းမကြီးပေမယ့် သူ့ခေတ် သူ့အခါနဲ့တွက်ဆမယ်ဆိုရင် ရေးဟန် တစ်မျိုးမျိုးမှာ အစောဆုံးရေးသားတဲ့ ပန်းချီလက်ရာတွေကိုပါ ထည့်သွင်းထားတဲ့ အတွက် မြန်မာပန်းချီလောက အကြောင်း လေ့လာလိုသူတွေလည်း လေ့လာနိုင်စေဖို့ ရည်ရွယ်ပြီးလုပ်တာပါ။ ထူးခြားတာကတော့ အခုပြပွဲမှာ ပန်းချီဆရာကြီး ဦးဘရင်ကလေး ရေးဆွဲခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံနဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ မူရင်းလက်ရေးတွေကို ထည့်သွင်းပြသခြင်းပါပဲ''ဟု ဆိုပါသည်။

ပန်းဆိုးတန်းပြခန်းမှ ယင်းပြပွဲအား တတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဆရာဆောင်၊ဆရာခြုံ၊ဦးဘဥာဏ်၊ဦးငွေကိုင် အစရှိသော ပန်းချီဆရာ ၃၈ ဦး၏ ပန်းချီကားများ၊မျက်နှာဖုံးများ၊ကာတွန်းများကို ပြသခဲ့ကြောင်း သိရှိရ သည်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com