Saturday, November 19, 2011

မြန်မာနိုင်ငံသို့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန် လာရောက်မည်၊ မြန်မာအစိုးရအပေါ် နိုင်ငံတကာက မျှော်လင့်ချက်ကြီးကြီး ထားနေကြောင်း ဘန်က ပြောကြားခဲ့

DSC_0007

မြန်မာနိုင်ငံသို့ စောနိုင်သမျှ စောလျင်စွာ လာရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဘန်ကီမွန်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌနေရာ ရယူမည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် တစ်ပါတည်း ထည့်သွင်းပြောကြားသွားခြင်းလည်း ဖြစ်ပါသည်။

''ကျွန်တော်ဒီမနက် သမ္မတ ဦး သိန်းစိန်နဲ့တွေ့တော့ ကိစ္စအားလုံး ကိုဆွေးနွေးဖြစ်ခဲ့ပါတယ်''ဟု ဘန်က မြန်မာသမ္မတနှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီးပါ ဖြေကြားသွားခဲ့သည်။ ဥက္ကဋ္ဌနေရာ ရယူမည်ကို ကြိုဆိုပါကြောင်းလည်း ထုတ်ဖော်ပြောကြား ခဲ့သည်။''၂၀၁၄ အထိ စောင့်စရာမလိုပါဘူး။ အဲဒီကာလမတိုင်ခင်ကကိုပဲ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လုပ်ဆောင်သင့်ပါတယ်လို့ ကျွန် တော်သူ့ကို တိုက်တွန်းခဲ့ပါတယ်''ဟု ဘန်ကပြောကြားခဲ့သည်။

''မျှော်လင့်ချက်တွေကြီးကြီး မားမားရှိနေတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့မျှော်လင့်ချက်တွေ အတိုင်းဖြစ်လာအောင်ဆောင်ရွက် ပေးသင့်တယ်လို့ ကျွန်တော်သူ့ကို ပြောခဲ့ပါတယ်''ဟု ဘန်က သမ္မတ ကြီးနှင့်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

''ကျွန်တော် မြန်မာနိုင်ငံကို စောနိုင်သမျှစောစောလာဖို့ စီစဉ်နေပါတယ်။သူ့ရဲ့ဖိတ်ကြားချက်ကို ကျွန်တော်လက်ခံခဲ့တာပါ''ဟု ဘန်က ပြောကြားခဲ့သည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်