ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, November 13, 2011

ပန်းချီဦးသုခ ပုံတူရုပ်တုဖွင့်ပွဲနှင့် (၃၄)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲ ကျင်းပ

e771

ပန်းချီဦးသုခ ပုံတူရုပ်တုဖွင့်ပွဲနှင့် (၃၄)ကြိမ်မြောက်ဆရာကြီး ဦးသုခအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဗဟန်းမြို့နယ် အမှတ်(၉၈၄၊ အေ) သံလွင်လမ်းရှိ New Treasure ပန်းချီ ပြခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ပန်းချီဦးသုခ၏ဇနီးနှင့် မိသားစုဝင်များ၊ တပည့် ပန်းချီဆရာကြီးများ၊ U Thu Kha Memorial 2011 ပြပွဲတွင် ပါဝင်သော ပန်းချီဆရာများ၊ ပြည်ပမှ ပန်းချီ ဆရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းချီဆရာကြီးဦးသုခ၏ ရုပ်တုအား ဆရာကြီး ၏ဇနီးနှင့်တပည့်များက ဦးစွာဖွင့်လှစ် ပေးခဲ့ပြီးနောက်တွင် ယင်းရုပ်တုအား မိုလ်သွင်းလောင်းပေးခဲ့သူ ကိုအောင်ကျော်ထွန်းနှင့် ရုပ်ထုအား ထုလုပ်ပေးခဲ့သူ ပန်းပုတင်ဝင်းထွန်း(ပေါင်းတည်)တို့အား ဂုဏ်ပြုလက်မှတ်များ ကိုပေးအပ်ခဲ့ပါသည်။ ယင်းနောက်တွင် ဆရာကြီးဦးသုခအား ရည်စူးပြီး ပန်းချီဆရာကြီးများအား ပူဇော် ကန်တော့ခဲ့ကြသည်။

“အခုနှစ်ဆရာကြီးကို ရည်စူးပြီး ပူဇော်ကန်တော့တဲ့ပွဲမှာ ပန်းချီဆရာကြီးဦးသက်ညွန့်၊ ဦးရှိန်ထွန်း နဲ့ဦးလွန်းကြွယ်တို့ကိုပါ ထည့်သွင်းပြီး ပူဇော်ကန်တော့ ခဲ့ပါတယ်။ နောက်ပြီး ဆရာကြီးပုံတူရုပ်တုကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုကန်တော့တာဟာ ဆရာကြီး သက်ရှိထင်ရှား ရှိကတည်းက လုပ်ခဲ့ပြီး အခုချိန်ထိ မပျက်မကွက်လုပ်ခဲ့တာ အခုအကြိမ်က(၃၄) ကြိမ်မြောက်ဖြစ်ပါတယ်”ဟု ပန်းချီ မင်းဝေအောင်က ဆိုပါသည်။

ယင်းအခမ်းအနားနှင့် အတူ U Thu Kha Memorial 2011 ပန်းချီ ပြပွဲကိုနိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိပြီးပန်းချီ ဆရာ ၁၀၀ ကျော်၏ ဆီဆေး၊ ရေ ဆေး၊ အခရိုင်းလစ်ဆေးတို့ဖြင့် ရေးသားထားသော ပန်းချီကားပေါင်း၂၄၉ ကား ပြသလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com