ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 24, 2011

တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃ဝ စီမံကိန်းတွင် ပထမနှစ် လေးသန်း စီမံကိန်းအဖြစ် တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်ဖြစ်ကြောင်း ၉-၁၁-၂ဝ၁၁ ရက်က သိရသည်။ အဆိုပါ တန်ဖိုးနည်း ဖုန်းများကို စတင်ချထားပေးနိုင်ရန် ယခုအခါ မြန်မာတစ်နိုင်ငံလုံးရှိပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ဆက်သွယ်ရေး တာဝါတိုင်နှင့် အင်တာနက်အသုံးပြုနိုင်သွောအေနတပေ ကြီးများကို ပုဂ္ဂလိက ကုမ္ပဏီ ၁၁ခုဖြင့် ပူးပေါင်းတည်ဆောက်လျက်ရှိသည်။''ပထမတော့ စီမံကိန်းကို ဒီနှစ် ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလမှာ ချထားပေးဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်ရေး တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်တာ ပြီးစီးမှုမရှိသေးလို့ အဲဒီလတွေ မှာမချပေးနိုင်တော့ပါဘူး။ ဖေဖော်ဝါရီလ လောက်မှပဲ ချထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတတ်နိုင်ဆုံး လုပ်ငန်းတွေပြီးစီးအောင်တော့ဆောင်ရွက်နေပါတယ်'' ဟု ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောသည်။

ထိုကဲ့သို့ချထားပေးရန် အချိန်ကြာမြင့်သွားခြင်းမှာ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းတွင် အင်တာနက်စနစ်နှင့် အခြား စနစ်များကိုပါ တစ်ပါတည်း အသုံးပြုခွင့်ပေးမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ကြာမြင့်သွားခြင်းဖြစ်ကြောင်း၊ အသုံးပြုခွင့်ပေးမည့်တန်ဖိုးနည်းဖုန်းများ၏ အဝင်ခေါ်ဆိုမှုများကိုလည်း အခြားကျပ် ငါးသိန်းဖုန်းများနည်းတူ ပေးဆောင်စရာမလိုပဲ အသုံးပြုခွင့်ပေးမည်ဖြစ်သည်။''စတင်ချထားပေးရင်တော့ တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမှာပါ။ အခုအချိန်မှာ တန်ဖိုးအနေနဲ့အတိအကျ မတွက်ချက်ရသေးပေမယ့် ကျပ်သုံးသိန်း ထက်တော့ မများနိုင်ပါဘူး။ အပြင်မှာ ပြောနေကြတဲ့ ကျပ်နှစ်သိန်းရှစ်သောင်းနဲ့ နှစ်သိန်းခွဲဆိုတာတော့ ကောလဟာလတွေပါ။ အမှန်တော့ လုပ်ငန်းအားလုံးပြီးမှ ကုန်ကျစရိတ်တွေ တွက်ချက်ပြီး ဈေးနှုန်းအသက်သာဆုံး ဖြစ်အောင် ချထားပေးသွားမှာပါ" ဟုအထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။ ထိုတန်ဖိုးနည်းဖုန်းများကို ဆက်သွယ်ရေးခက်ခဲသော နယ်ဒေသကြီးများ တွင်လည်း 3G Network စနစ်ဖြင့်လည်းကောင်း၊ မြို့ကြီးများတွင်လည်း 3G စနစ် နှင့် WCDMA Network စနစ်များဖြင့် လည်းကောင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း၃ဝ တိုးချဲ့ရေး စီမံကိန်းကို ငါးနှစ်ကာလသတ်မှတ်၍ ချထားပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ပထမနှစ်လေးသန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ခန့် အထိချထား ပေးထားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ်ဖုန်းများကို လိုင်းသန်း ၃ဝ စီမံကိန်းအဖြစ် အဓိကချထားပေးခြင်းမှာ နိုင်ငံတကာသို့ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် ဖြစ်ကြောင်းယင်းကပြောသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com