ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာလည်း ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အပြင် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြရသော်လည်း ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားနိုင်ခြင်းမရှိသည့်အတွက် လူမှု ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများ မရရှိနိုင်သေးသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှလည်း ကူညီမှုများပေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ယင်းသို့ ကူညီမှုများပေးရာတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင် နိုင်ငံခြားသားများအဖြစ် ရပ်တည်နိုင်ရေးမှာလည်း အရေးပါနေသည့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်၊ ယာယီမြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားနိုင်ခြင်း မရှိသေးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်းသိရပြီး နေရပ်ပြန်လိုပါကလည်း ကူညီမှုများ ပြုလုပ် ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှထုတ်ပေးမည့် ထောက်ခံစာကို ကိုင်ဆောင်ထားသည် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကလည်း တရားဝင် လုပ်သားအဖြစ် အသိအမှတ်ပြုသည့်ထောက်ခံချက်ထပ်ဆင့် ထုတ်ပေးမည်ဖြစ်သည်ဟုလည်း သိရသည်။
ယင်းသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထောက်ခံချက်များ ထုတ်ပေးရာတွင် ဘန်ကောက်မြို့ပေါ်ရှိ မြန်မာနိုင်ငံသားများအား ဦးစားပေးအနေဖြင့် ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်