ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, November 13, 2011

သဘာဝရင်းမြစ် ထိခိုက်မှု သက်သာစေသည့် ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်ရန် ထိုင်းမှလာရောက် ရင်းနှီးမြှုပ်နှံ၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုရလဒ်ပေါ်

AddThis Social Bookmark Button
775
စီမံကိန်းစတင်မည့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် သဘာဝရင်းမြစ်ထိခိုက်မှု သက်သာစေသည့် ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံရှိ Gunkul Engineering Public Co., Ltd တို့ က နိုဝင်ဘာလ ၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရှိရပါသည်။

နားလည်မှု စာချွန်လွှာအရ လေစွမ်းအင် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုရလဒ်ပေါ် အခြေခံ ၍ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်ပင် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး MoU ထိုးပြီး ၂၄ လအတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်တို့တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းနှင့် ပတ်သက်သည့် လေ့လာမှုလုပ်ငန်းများ စတင်ဆောင်ရွက်သွား မည်ဟု သိရှိရပါသည်။

၂၀၀ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်မည့် လုပ်ငန်းအဆင့်ငါးခုခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းပထမ အဆင့် ပြီးဆုံးချိန် ၂၀၁၅ တွင်၂၀၀ မဂ္ဂါဝပ်အား စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ Public Listed ကုမ္ပဏီဖြစ်သော Gunkul Engineering Public Co., Ltd မှ စီအီးအိုကိုဇေယျသူရမွန်က “စီးပွားရေးအရ မြန်မြန်ဆန်ဆန် ထုတ်လုပ်သုံးစွဲနိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်ခြင်း၊ ဆိုးကျိုးသက်ရောက်မှု နည်းပါးတဲ့ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်တဲ့ သဘာဝအရင်းအမြစ်ကို အသုံးပြုထား ခြင်း၊ စီမံကိန်း တည်ဆောက်ချိန်၊ လုပ်ငန်းလည်ပတ်ချိန်များမှာ ဒေသခံ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပြီး မဟာဓာတ်အားလိုင်းနဲ့ ဝေးလံတဲ့ ဒေသတွေမှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊ ရင်း နှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းရှိခြင်းနဲ့ နည်းပညာလွှဲပြောင်း ရရှိ နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တဲ့အတွက် ဒီစီမံကိန်းကို စတင်ခဲ့တာပါ”ဟုပြောကြားခဲ့သည်။

ထို့ပြင် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ EIA ၊ SIA ဆန်းစစ်ခြင်း လုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။

ယင်းစီမံကိန်းမှ လျှပ်စစ်ဓာတ် အား ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပါ က မြန်မာနိုင်ငံတောင်ပိုင်း ဒေသ၏ လူမှုစီးပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ကာဗွန်ဓာတ်ငွေ့ လျှော့ချရေး အတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“အခုလို လေအားလျှပ်စစ် စွမ်းအင်ဟာ မိရိုးဖလာစွမ်းအင် အစားထိုးနည်းသစ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အသက်သာဆုံးဖြစ်တယ်”ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အငြိမ်းစားဗိုလ်မှူးက ပြောပြခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းဆိုင်ရာ ဂယက်များနှင့် ပတ်သက်၍ ယခုစီမံကိန်းစတင် အကောင်အထည် ဖော်သွားမည့် ထိုင်းနိုင်ငံကုမ္ပဏီ အဖွဲ့ဝင်ဖြစ်သည့် Gunkul Engineering Public Co., Ltd ၏စီအီးအိုက “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ၂၀၀၉ ခုနှစ်မှာထိုင်း နိုင်ငံရဲ့ Public Listed ကုမ္ပဏီ အဖြစ် တိုးတက်ဖွဲ့စည်းခဲ့ပြီး နေစွမ်းအင်နဲ့ လေအားလျှပ်စစ် စီမံကိန်းတွေ ကို အောင်မြင်အောင် အကောင်အထည်ဖော် နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ လေစွမ်းအင် အလားအလာ ကောင်းမွန်တဲ့ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ်တွေမှာ စတင် အကောင်အထည်ဖော် နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com