Sunday, November 27, 2011

ကြားဖြတ်ရွေး ကောက်ပွဲကို နောက်လာမည့် သုံးလအတွင်း ပြုလုပ်နိုင်ဖွယ် မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား

792

ကြားဖြတ်ရွေးကောက်ပွဲကို နောက်လာမည့် သုံးလအတွင်း ပြုလုပ်နိုင်ဖွယ် မရှိသေးဘဲ ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လိုလားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မီဒီယာတစ်ခုမှ “ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တော့လောက်များ ဖြစ်လာနိုင်ပါ သလဲ”ဟု မေးမြန်းမှုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဒါအများ စိတ်ဝင်စားတဲ့ မေးခွန်းပါ။ ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲနဲ့ပတ်သက်လို့ ဘယ်သူက၊ ဘယ် အချိန်မှာ ကျင်းပရမယ်ဆိုတဲ့ လောလောဆယ် ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိတဲ့အတွက် ဒီကိစ္စအတွက်လည်း ဆက်ပြီး တိတိကျကျဖြစ်အောင်နဲ့ ဖြစ်မြောက်ရေး အတွက်လည်း မိမိတို့ လိုလားပါတယ်။ ဒါကြောင့်မို့ ကြားဖြတ် ရွေးချယ်တင်မြှောက်ပွဲ လုပ်မယ်ဆိုရင်တော့ ရွေးချယ်တင်မြှောက်ပွဲ မလုပ်ခင် အချက်အလက် နည်းနည်း မှား ရင်မှားနိုင်ပါတယ်။ သုံးလကြိုတင်ပြီး ကြေညာရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စပြီးတော့ ကြေညာတဲ့နေ့ ဆိုလို့ရှိရင် နောက်သုံးလ အတွင်းမှာ ရွေးကောက်ပွဲလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လောလောဆယ်တော့ နောက်သုံးလအတွင်းမှာ လုပ်စရာအကြောင်း မရှိသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။


NLD လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် လွှတ်တော်အနေနဲ့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သလား ဆိုတာတော့ ဒီနေ့သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း ဒါနဲ့ပတ်သက်လို့ အပြောင်းအလဲ ရှိစရာမရှိဘူး။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အမြင်နဲ့ ပြောရမယ်ဆိုရင် ပိုတောင်ပီပြင်လာမယ့် သဘော ရှိပါတယ်

ထို့ပြင် မီဒီယာတစ်ခုမှ “NLD လွှတ်တော်ထဲရောက်လာပါက နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင် ပါသလား”ဟု မေးမြန်းချက်အပေါ် “NLD လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် လွှတ်တော်အနေနဲ့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သလား ဆိုတာတော့ ဒီနေ့သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း ဒါနဲ့ပတ်သက်လို့ အပြောင်းအလဲ ရှိစရာမရှိဘူး။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အမြင်နဲ့ ပြောရမယ်ဆိုရင် ပိုတောင်ပီပြင်လာမယ့်သဘော ရှိပါတယ်”ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ဆက်လက်၍ “ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်လို့ ကြားနေရပါတယ်။ သူ့ကိုဘယ်လို အနေအထားနဲ့ လွှတ်တော်က ကြိုဆိုဖို့ရှိပါသလဲ”ဟု မီဒီယာတစ်ခု၏ မေးမြန်းချက်ကို “ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအနေအထားနဲ့ လွှတ်တော်က ကြိုဆိုမှာလည်း ဆိုတဲ့အခါမှာ နံပါတ်(၁)က သူဘယ်နေရာ က ရွေးမလဲမသိဘူး။ သဘောကတော့ သူက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးမှာလား။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးမှာလား။ အဲဒီတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးမယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကတော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမှာဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်