ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 10, 2011

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီနှင့် ကိုရီးယားတွင် အလုပ်လုပ်ကိုင်မည့် လုပ်သားများအကြား ခံဝန်စာချုပ်တွင် အချက်အလက် လိမ်ညာဖြည့်စွက်ပါက ဥပဒေအရ အရေးယူသွာ

အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် လုပ်သားများ အကြား ချုပ်ဆိုကြရသည့် ခံဝန်စာချုပ်တွင် လုပ်သားများဘက်မှ အချက်အလက်များ လိမ်ညာဖြည့်စွက်ပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တရားဝင်ထုတ်ပြန်ချက် များအရ သတင်းရရှိပါသည်။

ယခုလက်ရှိတွင် ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသည့် အလုပ်သမားများ ကို IT စနစ်ဖြင့်ပို့ဆောင်ပေးနေပြီး EPS စာမေးပွဲစစ်ဆေး၍ အောင်မြင်သူများကို အလုပ်လျှောက်လွှာ တင်စေကာ အလုပ်ရှင်၏ဆန္ဒဖြင့် လုပ်သားများကို ရွေးချယ်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စာမေးပွဲ လျှောက်လွှာဖြည့်စဉ်က ရေးသွင်းခဲ့သည့် အမည်နှင့်မွေးသက္ကရာဇ်တို့ သည် နိုင်ငံကူးလက်မှတ်နှင့် EPS စာမေးပွဲ အောင်လက်မှတ်တို့တွင် ပါရှိသည်များနှင့် ကွဲလွဲနေပါက အလုပ်ရှင်ဘက်မှ ရွေးချယ်ခေါ်ယူမည်မဟုတ် ကြောင်း သိရှိရပါသည်။

“အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်သမားအကြားမှာ ချုပ်ဆိုကြရတဲ့ ခံဝန်စာချုပ်က ရှေ့နေချုပ်ရုံးက အတည်ပြုထားတဲ့စာချုပ် ဖြစ်သလို၊ ဗဟိုမှတ်ပုံတင်ရုံးမှာလည်း မှတ်ပုံတင်ထားတာ။ ဒါကြောင့် ခံဝန် စာချုပ်မှာ အသက်လိမ်ညာထားတာ၊ နိုင်ငံကူးလက်မှတ်ပါ အချက်အလက်တွေ ကို လိမ်ညာထားတာ၊ ကိုရီးယားမှာ တရားမ၀င် နေထိုင်ခဲ့ဖူးတာနဲ့ ပြစ်မှု ကျူးလွန်ခဲ့ဖူးတာ၊ အကြောင်းတစ်ခုခုကြောင့် ပြန်အလွှတ်ခံရတာ စတဲ့အချက် တစ်ခုခုနဲ့ငြိစွန်းခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ရင် တရားဥပဒေအရ အရေးယူသွားမှာပါ။ ကိုရီးယားမှာက လုပ်သားတွေ လေဆိပ်ရောက်ပြီ ဆိုတာနဲ့လက်ဗွေနှိပ်ပြီး စစ်ရုံသာမက ပုံရိပ်ဖမ်းပြီးပါ စစ်တာကြောင့် အစစ်ခံရတဲ့သူဟာ ကိုရီးယား မှာ တရားမ၀င် နေထိုင်ခဲ့ဖူးတာတို့၊ ပြစ်မှုကျူးလွန်ခဲ့ဖူးတာတို့ စတဲ့ပြစ်ချက်တွေရှိခဲ့သူဆိုရင် စက်ကအကုန်ပေါ်ပါတယ်။ အခုဆိုရင် ပြန်လွှတ်ခံရတဲ့ လုပ်သား ၁၂ ဦးရှိနေပါပြီ”ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ရှင်းပြပါသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများအား စေလွှတ်ပြီးမှုတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ် အတွင်း ရွှေအင်းဝ ၀န်ဆောင်မှု အေဂျင်စီမှ အလုပ်သမား ၁၂၀၁ ဦး ကို စေလွှတ်ပေးခဲ့ပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် လုပ်သားစေလွှတ်မှုအား ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် EPS စနစ်အရ အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို နှစ်နိုင်ငံရေးထိုးခဲ့မှုကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ လုပ်သား ၁၇၉၆ ဦးတို့ကို ထပ်မံစေလွှတ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com