ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်သည် အီရန်-အစ္စရေး ပြဿနာကြောင့် အနည်းငယ်ကြန့်ကြာဖွယ် ရှိကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာမှအပြန် ကုလသမဂ္ဂရုံးချုပ် ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ မကြာမီ သွားရောက်ဖွယ်ရှိကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သေးသည်။ လက်ရှိအချိန်တွင် ဘန်ကီမွန်းသည် တတိယ ကမ္ဘာစစ်ကို မီးမွှေးနိုင်သော အီရန်-အစ္စရေး အရေးအခင်းအား အဓိကထား ကိုင်တွယ်ရတော့မည် ဖြစ်ပြီး အာရှသားတစ်ယောက် အနေဖြင့် အာရှမှာ ဖြစ်ပေါ်နေသည့် ပြဿနာများကို အဓိကထားစဉ်းစား မည်ဖြစ်ကြောင်း သိရသည်။ ဘန်ကီမွန်းက အစ္စရေးဘက်မှ အီရန်ကို စတိုက်မည်ဆိုသည့် ကြေညာချက်ကို ကန့်ကွက်ခဲ့သလို အမေရိကန်သမ္မတ အိုဘားမားကိုလည်း အစ္စရေးကို ဝိုင်းဝန်းတားဆီးဖို့ တိုက်တွန်းထားခဲ့သည်။ သတင်းစာရှင်း လင်းပွဲတစ်ခု၌ ဘန်ကီမွန်းက အီရန်-အစ္စရေး ပြဿနာပြီးရင် ကျွန်တော်မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွေကို သွားရောက်ကြည့်ရှုဦးမယ် ဆိုသည့် အချက်ကို ထည့်သွင်း ပြောကြားသွားခဲ့သည်။
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Monday, November 28, 2011
အီရန်-အစ္စရေး ပြဿနာကြောင့် ဘန်ကီမွန်း၏ မြန်မာပြည် ဒုတိယခရီးစဉ် ကြန့်ကြာဖွယ်ရှိကြောင်း သိရ
Labels:
သတင်း
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်