ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 26, 2011

ဒေါ်အောင်ဆန်းစုကြည် လူထုစိတ်ဓာတ်ခွန်အားပေးမည့် တေးအယ်လ်ဘမ်စီစဉ်ရန် ဂီတပညာရှင်များနှင့် နေအိမ်၌ တွေ့ဆုံ



ဒေါ်အောင်ဆန်းစုကြည် လူထု၏ စိတ်ဓာတ်အား ခွန်အားဖြစ်စေမည့် တေးသီချင်းများပါဝင်သော တေးအယ်လ်ဘမ်အား စီစဉ်ထုတ်လုပ်ရန်အတွက် ဂီတပညာရှင်များနှင့် နိုဝင်ဘာလ ၂၅ ရက်နေ့၊ညနေ ၃ နာရီက သူမ၏ နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်းတွေ့ဆုံမှုသို့ ဖိတ်ကြားထားသော ဂီတပညာရှင်များအပြင် စိတ်ပါဝင်စားသူ တေးရေး၊ တေးဆို၊ အသံဖမ်း၊ အတီး၊ ထုတ်လုပ်စသော ဂီတအလွှာစုံ ဂီတသမားများ စုစုပေါင်း၇၀ ကျော် တက်ရောက်ခဲ့သည့်အပြင် အကယ်ဒမီထွန်းအိန္ဒြာဗိုမှလည်း ဂီတသမားတစ်ဦးအဖြစ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ဆွေးနွေးပွဲတွင် ထုတ်လုပ်မည့် တေးသီချင်းနှင့်ပတ်သက်၍ ပါဝင်မည့်တေးသီချင်းများနှင့် တာဝန်ယူမှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

''အပြင်မှာအများ ပြောနေကြသလို ပါတီစည်းရုံးရေး တေးသီချင်းမဟုတ်ပါဘူး။ နဂါးနီလိုမျိုး လူထုစိတ်ဓာတ်ကို ခွန်အားပေးမယ့် တေးသီချင်းတွေပါတဲ့ တေးအယ်လ်ဘမ်တစ်ချပ် ထုတ်လုပ်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အမေစုကတော့ နဂါးနီ၊ခွန်အားပြည့်မိငယ် စ တဲ့တေးသီချင်းတွေကို ဇောင်းပေးပြီးပြောဆိုခဲ့ပါတယ်'' ဟု တေးသံရှင် ဆောင်းဦးလှိုင်က ဆိုပါသည်။

ယင်းစီးရီးတွင် ဂီတအမျိုးအစားအစုံ ပါဝင်မည်ဖြစ်ကာ ပါဝင်လိုသူ ဂီတပညာရှင်များ ပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

''ကျွန်တော်ကတော့ Music Producer ပိုင်းရယ်၊ အတီးပိုင်းရယ်နဲ့ ကျွန်တော်လုပ်မယ့် တေးသီချင်းနှစ်ပုဒ်ရယ်ကို တာဝန်ယူရမှာ ဖြစ်ပါတယ်။ တစ်လအတွင်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ ဒီအယ်လ်ဘမ်မှာ တော့ အဆိုတော်တွေက သီဆိုကြမှာ ဖြစ်ပါတယ်။ပါတီရဲ့တေးသီချင်းတွေကိုတော့ ပါတီကလူငယ်တွေကပဲ သီဆိုကြမှာ ဖြစ်ပါတယ်။ မတူပါဘူး'' ဟု ဆောင်းဦးလှိုင်က ဆက်လက်ရှင်းပြ ပြောဆိုခဲ့ပါသည်။

ယင်းစီးရီးအတွက် Music Producer များအဖြစ် ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုသားထွေး၊ ကိုညီညီသွင်၊ ရွှေဂျော်ဂျော်နှင့် နောင်နောင်(ဆန်းဖလားဝါး) တို့က ဆောင်ရွက်မည်ဖြစ်ကာ နဂါးနီသီချင်းကိုလည်း ပြန်လည်ထည့်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com