၁၇-၁၁-၂ဝ၁၁ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆ လမ်း၊ (က)ရပ်ကွက်ရှိ ၆-ှအမေ စားသောက်ဆိုင်တွင် အရက်သောက်နေသူ ကိုကျော်မင်း (၃ဝနှစ်)အား ည ၈နာရီကျော်အချိန်တွင် ကားသုံးစီးဖြင့် လူတစ်စု ရောက်ရှိလာကာ သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ် တစ်ခု ၁၇-၁၁-၂ဝ၁၁ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။''နွယ်သာကီ (၆)လမ်းက 6star ဆိုင်မှာ ၁၇-၁၁-၂ဝ၁၁ရက် ည ၈ နာရီကျော်ကျော်မှာ ကျော်မင်းအရက်ထိုင် သောက်နေတုန်း ကားသုံးစီးနဲ့ လူတစ်စု ရောက်လာကြတယ်။ အဲဒီထဲမှာ နှစ်ယောက်က ပထမဆုံးအရက်ဆိုင်ထဲဝင်ပြီး ဓားနဲ့ခုတ်တယ်။ ကျော်မင်းထွက်ပြေးတယ်။ ပြေးတာကလည်း သူတို့ရှိတဲ့ဘက်ကို ပြေးတော့ ဘယ်လွတ်မလဲ။ ကားဘေးမှာရှိတဲ့ လူတစ်စု ကျော်မင်းကို ဝိုင်းခုတ်ကြတာပါ ပဲဟုမျက်မြင်တစ်ဦးက ပြောသည်။ ယင်းအမှုအား သက်ဆိုင်ရာရဲတပ်ဖွဲ့ က ပုဒ်မ-၃ဝ၂၊၁၁၄(ပ) နံပါတ် ၅၂၂/ ၂ဝ၁၁ အရဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်