အကယ်ဒမီ စိုးမြတ်နန္ဒာဟာ အနုပညာအလုပ်တွေကို ကြိုးစားဆောင်ရွက်တတ်သူပီပီ လက်ရှိအချိန်အထိလည်း ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒါရိုက်တာဟိန်းစိုး
ရိုက်ကူးနေတဲ့ ဗီဒီယို ဇာတ်ကားရိုက်ကွင်းမှာ သူရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ဂရုစိုက်မှုတွေကို မေးမြန်းခဲ့ပါတယ်။
Q. အစ်မအနေနဲ့ ကျန်းမာရေးက ဘယ်လောက်အထိ အရေးကြီးတယ်လို့ ယူဆထားသလဲ။
A. ကျန်းမာရေးကတော့ ဒါဒါအတွက်မှ မဟုတ်ပါဘူး။ လူတိုင်းအတွက် အရေးကြီးပါတယ်။ လူတစ်ယောက်မှာ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို
ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေး က အဓိကပါပဲ။ ဒါကြောင့် ဒါဒါကလည်း ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဂရုစိုက်ပါတယ်။
A. ကိုယ့်ရဲ့ခန္စာကိုယ် ဘယ်အစိတ်အပိုင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ချို့ယွင်းနေသလဲ ၊ ဘာတွေအချက်ပြနေသလဲ ဆိုတာကို ဂရုစိုက်တယ်။ လက်ရှိအချိန်ထိ
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ခံစားရတာမျိုး မရှိပါဘူး။ ဒါဒါက ကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးမှု ( Medical Check Up ) ကိုတော့ တစ်နှစ်တစ်ကြိမ်
ပုံမှန်ပြုလုပ်ဖြစ်ပါတယ်။
Q. အိပ်ရေးပျက်တဲ့အခါ ကိုယ့်ရဲ့ အလုပ်တွေမှာ အနှောင့်အယှက် ဖြစ်တတ်သလား။
A. အိပ်ရေးပျက်တဲ့အခါမှာ စိတ်ကြည်လင် လန်းဆန်းမှု မရှိတဲ့အတွက် အလုပ်ကို အနည်းငယ် ထိခိုက်စေတာပဲလေ။ ဒါဒါက အိပ်ရေးပျက်တဲ့အခါ အားရှိမယ့်
အစားအစာတွေကို စားတယ်။အိပ်ရေးဝအောင် အိပ်တယ်။ ဒီလိုပဲ လိုအပ်တာလေးတွေကို ပြန်ပြန်ဖြည့်ပေး ရတာပေါ့နော်။
Q. အစ်မက အနုပညာအလုပ်ကို လုပ်လာတာ ကြာပြီဆိုတော့ အသားအရေပျက်စီးမှု မရှိအောင် ဘယ်လိုဂရုစိုက်ဖြစ်သလဲ။
A. ဒါဒါကတော့ အသားအရေ ပျက်စီးမှုမရှိအောင် မိတ်ကပ်မလိမ်းခင် Cream တစ်ခုခု အမြဲလိမ်းတယ်။ Day Cream၊ Night Cream ကတော့
ပုံမှန်လိမ်းဖြစ်ပါတယ်။ ရှုတင်မရှိတဲ့ ရက်တွေမှာတော့ မိတ်ကပ်မလိမ်းဘဲ နေပါတယ်။ Skin Care ပစ္စည်းလေးတစ်ခုခု လိမ်းထားလိုက်တယ်။
Q. အစ်မကိုကြည့်ရတာ ပိန်သွားသလိုပဲနော်။
A. ဝိတ်ကျသွားတယ်ဆိုတာက ဒါဒါ အရင်ကထက် အစားအစာတွေကို လျှော့စားဖြစ်တယ်။ ညပိုင်းတွေမှာ Heavy အစားအစာတွေကို မစားဘူး။ အဓိကကတော့ ကယ်လိုရီများတဲ့
အစားအစာတွေနဲ့ ထမင်းကိုတော့ လျှော့စားဖြစ်ပါတယ်။ အားကစားကတော့ သီးသန့်အချိန်ပေးပြီး ပြုလုပ်တာမရှိပေမယ့် တစ်ခါတလေတော့ ကိုယ်လက်လှုပ်ရှားမှုအတွက် တတ်နိုင်သလောက် Exercise လေးတွေကိုတော့ ပြုလုပ်ဖြစ်ပါတယ်။
Q. ဘယ်လိုအစားအစာမျိုးကို ကြိုက်သလဲ။
A. ဒါဒါက သူများနဲ့မတူဘူး။ အသီးအရွက်တွေကို မကြိုက်ဘူး။ ဒါပေမဲ့ ကျန်းမာရေးအတွက် လိုအပ်ရင်တော့ စားဖြစ်ပါတယ်။ ခန္စာကိုယ်အတွက် လိုအပ်ပြီး အဟာရဖြစ်စေမယ့်
အသားနဲ့ငါးကို ပိုကြိုက်တယ်။
Q. အစ်မကို ကြည့်ရတာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသလိုပဲ။
A. ဒါဒါက ဘယ်အလုပ်ကိုမဆို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တယ်။ စိတ်ညစ်စရာတွေ ကြုံလာရင် အလုပ်မှာလည်း အနှောင့်အယှက် ဖြစ်စေတယ်လေ။ စိတ်အညစ်မခံဘူး။
အမြဲတမ်း ပျော်စရာလေးတွေပဲ တွေးဖြစ်တယ်။
Q. သားလေးအတွက် ဘယ်လိုအချိန်ပေး ဖြစ်သလဲ။
A. ဒါဒါ ရှုတင်နားတဲ့ ရက်ဆိုရင် သူ့အတွက် အချိန်ပေးဖြစ်ပါတယ်။ နောက်ပြီး သားရဲ့ ဘေးနားမှာကလည်း သူ့အဘွားနဲ့ ဆရာမတွေလည်း ရှိတယ်လေ။
Q. သားလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ပေး ဖြစ်သလဲ။
A. သားက ကျန်းမာရေး ချူချာတာမျိုး မရှိပါဘူး။ တစ်ခုခုဖြစ်ရင်လည်း ဆရာဝန်ကြီး ဦးသိန်းအောင်နဲ့ တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာတယ်။
Q. သူရဲ့ နောင်ရေးအတွက် ကိုကော ဘယ်လိုစဉ်းစား ထားပေးသလဲ။
A. သားရဲ့ နောင်ရေးအတွက် အများကြီးတော့ မစဉ်းစားရသေးပါဘူး။ သူ့ရဲ့ ဗီဇအတိုင်းပဲ သူဖြစ်ချင်တာလေးတွေကို ဆောင်ရွက် ပေးရမှာပါ။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်