ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 26, 2011

အင်ဒိုနီးရှားဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများကို မြန်မာအားကစား အဖွဲ့အုပ်ချုပ်သူ ဝေဖန်မှုပြုလုပ်

b34_22
၂၀၁၃ နေပြည်တော် ဆီးဂိမ်းစ်အတွက် အားကစားကွင်း တည်ဆောက်မှုလုပ်ငန်း

(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့၏ အုပ်ချုပ်သူ ဦးနော်တောင်သည် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန် ရှိသူများကို ဝေဖန်မှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ပါလမ်ဘန်းမြို့နှင့် ဂျကာတာမြို့တို့တွင် ပူးတွဲကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများသည် အိမ်ရှင်နိုင်ငံ၏ သွားလာရေး အခက်အခဲများ၊ ပြိုင်ပွဲဝင်များတည်း ခိုရန်နေရာ စီစဉ်မှုများတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသဖြင့် ၎င်းက ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအားကစားအဖွဲ့ အုပ်ချုပ်သူ ဦးနော်တောင်က စင်ကာပူ Today သတင်းစာနှင့် တွေ့ဆုံရာတွင် ''အခုဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကျွန်တော်တို့ပြိုင်ပွဲရဲ့ ဖွင့်ပွဲနဲ့ပိတ်ပွဲကို ဘယ်လိုစီစဉ်ရမယ်၊ ယှဉ်ပြိုင်မယ့် အားကစားနည်းတွေ အတွက် ဘယ်လိုစီစဉ်ရမယ်ဆိုတာတွေအပြင် လမ်းပန်းဆက်သွယ်ရေးနဲ့ တည်းခိုဖို့ နေရာတွေအတွက်ကိုပါ ဘယ်လိုစီစဉ်ရမယ်ဆိုတာကို လေ့လာသင်ယူနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ အခုလိုပြဿနာမျိုးတွေ မကြုံတွေ့ရအောင် အစွမ်းကုန် ကြိုးပမ်းသွားမှာပါ။ နေပြည်တော်မှာကျင်းပမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဟာ အခုပြိုင်ပွဲထက် ပိုမိုပြည့်စုံကောင်းမွန်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ရပါစေမယ်'' ဟု ပြောကြားခဲ့သည်။ အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များကလည်း ယခုပြိုင်ပွဲအတွက် ပြင်ဆင်ရာတွင် အခက် အခဲများရှိခဲ့သည်ဟု ၀န်ခံခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com