ဟီလာရီကလင်တန်သည် နှစ် ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် ဆက်ဆံမှုများ တိုးတက်လာစေရန် ဆောင်ရွက်သွား မည်ဖြစ်သော်လည်း ပိတ်ဆို့မှုများ ရုပ်သိမ်းရေးဆွေးနွေးသွားရန်မှာမူ အချိန် မတန်သေးဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဘန်ရိုဒ်စ်က ပြောသည်။
"နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ လက်ရှိဖြစ်ထွန်းမှုများအပေါ် တွန်းအားပေးဖို့နဲ့ ဆက်လက်ပြီး ဘာတွေဖြစ်ပေါ်လာမလဲဆိုတာ လေ့လာဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့တော့ အခုထိ အစီအစဉ်မရှိသေးပါဘူး" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ဟီလာရီကလင်တန် အား စေလွှတ်မည့်အစီအစဉ်ကို သမ္မတ အိုဘားမားက လွန်ခဲ့သည့်ရက်သတ္တ ပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကြေညာခဲ့သည်။
ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁ ရက်မှ ၂ ရက်နေ့ အထိ လာရောက်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ နှင့် ကုန်သွယ်မှုအားလုံးကို ပိတ်ပင်ထားသည်။
အထူးသဖြင့် မြန်မာနိုင်ငံမှ ကျောက်မျက်နှင့် ကျောက်စိမ်းများ ရောင်းဝယ်မှုကို ပိတ်ပင်ထားသည်။
အဆိုပါပိတ်ဆို့မှုများ ပြန်လည်ရုပ် သိမ်းရန်အတွက် ကွန်ဂရက်၏ ထောက်ခံမှုကို ရရှိရန်လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံကို ပိတ်ဆို့မှုများပြုလုပ်ရန် တင်ပြခဲ့စဉ်က ကွန်ဂရက်က တစ်ခဲနက် ထောက်ခံကာ ပိတ်ဆို့မှုများ ချမှတ် ထားခဲ့ခြင်း ဖြစ်သည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်