၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ အချက်အလက်အချို့ကြောင့် တရားဝင်ပြန်လည်မှတ်ပုံတင်ရေး ဆိုင်းငံ့နေခဲ့သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)သည် နိုဝင်ဘာ ၁၈ ရက်နေ့က တရားဝင်မှတ်ပုံတင် ပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲ ကို ဝင်ရောက်မည်ဟု ကြေညာခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်သူ အများစုက ယင်းကြေ ညာချက်ကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နှင့် လူထုခေါင်းဆောင်အဖြစ် တင် စားခေါ်ခဲ့ကြသည့် ဒေါ်အောင်ဆန်း စုကြည် လွတ် မြောက်လာပြီး တစ် နှစ်အကြာ နိုဝင်ဘာလ ၁၈ ရက် နေ့က ပြုလုပ်ခဲ့သော NLD စီအီးစီ အစည်းအဝေးတွင် ကန့်ကွက်သူ မရှိဘဲယင်းကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ ကြကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။ မကြာမီ ကျင်းပမည်ဟု မျှော်လင့်ရသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၄၈ နေရာကို NLD ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ယင်းဆုံးဖြတ်ချက်တွင် ဖော်ပြထား သည်။ ယင်းကဲ့သို့ NLD ၏ ဆုံးဖြတ် ချက်ကို မြန်မာ့နိုင်ငံရေး လောကမှ နိုင်ငံရေး လှုပ်ရှား နေကြသူများက ကြိုဆိုလာကြပြီး ပေါ်ပြူလာနယူးစ်၏ စစ်တမ်းကောက်ယူခြင်းခံရသော ပြည်သူအချို့ကလည်း ထောက်ခံ ကြောင်း ပြောကြားခဲ့ကြသည်။ ”ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် ပေါ် ပေါက်လာတဲ့အခုအုပ်ချုပ်နေတဲ့ အစိုးရ၊ လွှတ်တော်ဆိုတာတွေရဲ့ အရှိတရားကို လက်သင့် ခံပေးရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိ တရားကိုလည်း လက်သင့်ခံပေးရ မယ်။ အခု NLD နဲ့ လုပ်ဆောင် ချက်က လက်ရှိနိုင်ငံရေးအရှိတရား တွေကို လက်ခံပြီး စလှမ်းလိုက် တဲ့ ကောင်းမွန်တဲ့ခြေလှမ်းပါပဲ” ဟု ဝါရင့်သတင်းစာ ဆရာကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ စွယ်စုံရ ဟာသအနုပညာရှင် ကိုဇာဂနာက လည်း ”ကြိုဆိုပါ တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှတ်ပုံတင်ဖို့ အစောကြီးကတည်းက ကျွန်တော် ပြောပြီးသားပဲ၊ အခုလို ဆုံးဖြတ် လိုက်တဲ့အတွက်ထောက်ခံပါတယ်” ဟု ပြောကြားခဲ့ သည်။ လွှတ်တော်အတွင်း တက်ကြွ လှုပ်ရှားသူတစ်ဦးအဖြစ်ထင်ရှားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ် တော်အမတ် ဦးသိန်းညွန့်က ၄င်းတို့ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အသိအမှတ်ပြု၍ ပါတီမှတ်ပုံ ပြန်တင်ပါက လက်ရှိ၎င်းတို့ ထူထောင်ထားသော ပါတီကို ဖျက်သိမ်း ပြီး NLD နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၄င်းတို့၏ ကျင်းပခဲ့ပြီးသော သတင်းစာရှင်း လင်းပွဲများတွင် ပြောကြားထားခဲ့ဖူးသည်။ NLD မှတ်ပုံ တင်ပြီး ရွေး ကောက်ပွဲဝင်ရင် ကျွန်တော်တို့အ တွက် ရွေးစရာအားကိုးစရာအခြေ အနေတွေ ပိုတိုးတက်လာပြီပဲ” ဟု သာကေတမြို့နယ်အတွင်းမှ အသက် ၃ဝ အရွယ် ကုန်သည် အမျိုးသားတစ်ဦးကပြောကြားသည်။ အသက် ၅ဝ ကျော်အရွယ် ဝါရင့် ရှေ့နေကြီးတစ်ဦးကလည်း ”အခု လိုဆုံးဖြတ်တာ ကြိုဆိုတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ NLD ပါတီဝင်တွေ လွှတ်တော်အတွင်း ဝင်ရောက်လာ ကြမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့၊ လှုပ်ရှားသက်ဝင်တဲ့ လွှတ်တော် တွေအဖြစ် ပြည်သူ တွေ မြင်တွေ့ လာနိုင်တယ်ဟု ပြောကြားခဲ့သည်။ ကန့်ကွက်သူအချို့ရှိနေသော် လည်း NLD ပါတီဝင်တစ်ဦးအနေ ဖြင့် ယခုဆုံးဖြတ်ချက်ကို လက်သင့် ခံကြောင်း၊ ပါတီလှုပ်ရှားမှုများကို အားကောင်းစွာဖြင့် လှုပ်ရှားနိုင်တော့ မည်ဟု ယုံကြည်ကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့ အစည်းအဝေးသို့ တက် ရောက်လေ့လာသည့် NLD ပါတီဝင် တစ်ဦးက ပြောကြားသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို NLD အနေဖြင့် လက်သင့်ခံလို မှုမရှိသည်မဟုတ်ကြောင်း၊ ယင်းအ ခြေခံဥပဒေပါ အချက်အလက် အချို့သည် တချို့သော နိုင်ငံရေး လှုပ်ရှားမှုများအတွက် အဟန့်အတား ဖြစ်စေသောကြောင့်သာ ပြုပြင်လေ့ လာသုံးသပ်စေလိုခြင်း သာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ယင်းနေ့ တွင် ပြောကြားခဲ့သည်။
နိုင်လင်း
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Friday, November 18, 2011
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲဝင်မှု အပေါ် နိုင်ငံရေး လှုပ်ရှားသူများနှင့် ပြည်သူများ ကြိုဆို
Labels:
သတင်း
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်