ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဒဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံး နှင့် အကောင်းဆုံးဘာသာအဖြစ် ၁၈-၁၁-၂ဝ၁၁ ရက်က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂ဝဝ ကျော်ကမဲပေး ရွေးချယ်ခဲ့ရာတွင် မဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ဘာသာရေး ခေါင်းဆောင်အများစုသည် မိမိတို့၏ ဘာသာများထက် ဗုဒ္ဒဘာသာကို မဲပေးခဲ့ခြင်းသည် အလွန်အံ့သြဖွယ်ကောင်းခဲ့ကြောင်း အဆိုပါ အဖွဲ့ ညွှန်ကြားရေးမှူး Mr.Jonna Hult က ပြောကြားခဲ့ပြီး ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာတရားဘွဲ့ကို ဗုဒ္ဒဘာသာရရှိခဲ့တာဟာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဒဘာသာကြောင့် ဖြစ်ပွားရတဲ့ စစ်ပွဲဆိုတာ မရှိခဲ့ဘူး။ ဗုဒ္ဒဘာသာကြောင့် သွေးချောင်းမစီးခဲ့ပါဘူး။ ဒီအချက်က တခြားဘာသာတွေထက် အသာလွန်ဆုံးအချက်ပါပဲ ဟုထည့်သွင်း ပြောကြားသွားခဲ့သည်။ ဂျူးဘုန်းတော်ကြီး Shmuel Wasserstein က ကျွန်တော်တို့ရဲ့ ဂျူးဒါလစ်ဇင်ကိုပဲ အမွန်မြတ်ဆုံးလို့ ထင်ပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် နေ့စဉ် ကျွန်တော်ဂျူးဘာသာအရ ဝတ်ပြုရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်တို့ ဂျူးဘာသာအရ ဝတ်ပြုခြင်း မပြုမီမှာ ဝိပဿနာတရားကို ကျင့်ကြံအားထုတ်ခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ အဲဒါကြောင့် ကျွန်တော်လည်း ဗုဒ္ဒဘာသာကိုပဲ မဲပေးခဲ့တာပါ ဟုပြောကြားသည်။ ယခုအချိန်တွင် အာဖရိက နိုင်ငံမျိုး၌ပင် ဗုဒ္ဒဘာသာဝင် အာဖရိကန်အရေအတွက် အများအပြားရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
ၶ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Monday, November 28, 2011
ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာအဖြစ် ဗုဒ္ဓဘာသာရွေးချယ်ခံရ
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်