ရေကြီးလို့ မူလတန်းနဲ့အလယ်တန်းကျောင်းတွေကို ဒီဇင်ဘာ ၁ရက်နေ့အထိ ဆက်ပိတ်ထားမှာဖြစ်တယ်လို့ အခြေခံ ပညာရေးကော်မရှင်ရုံးက မနေ့က ပြောပါတယ်။ ပထမတုန်းက နိုဝင်ဘာ ၁၄ ရက်နေ့အထိ ပိတ်ထားဖို့စီစဉ်ထားတာ ကနေ၊ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ထပ်မံရွှေ့လိုက်ရပါတယ်။ အခြေခံပညာရေးကော်မရှင်ရုံးက နောက်ထပ် ကျောင်း တွေ ဆက်ပိတ်ထားမလား၊ ဘယ်ရက်အထိပိတ်မလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် မနက်ဖန် ၁၆ ရက်နေ့မှာ အစည်းအဝေး ကျင်းပပါမယ်လို့ အတွင်းရေးမှူးချုပ် ချင်းနာဖတ်ဖူးမီလတ်တနာ က ပြောပါတယ်။
ပထုမ်ဌာနီ၊ နွန်ထာဘူရီ၊ နခုန်ပထုမ်နဲ့ဘန်ကောက်က ကျောင်းအတော်များများဟာ ရေလွှမ်းတဲ့ဒေသတွေမှာ ရှိနေတာ ဖြစ်ပါတယ်။ ကျောင်း တွေဆက်ပိတ်သင့်မသင့် ဆိုတာကို ဆုံးဖြတ်ဖို့ စစ်တမ်းကောက်ယူမှုတွေ လုပ်နေပါတယ်။ ကျောင်းပိတ်ရက် တိုးသွားတဲ့အတွက် မူလတန်းအထက်ဆင့်နဲ့အလယ်တန်းအောက်အဆင့်က ကျောင်းသားတွေ အစမ်း စာမေးပွဲစစ်ဖို့ ကြိုတင်ပြင်ဆင်ချိန် လျော့သွားမှာ ဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ နောက်နှစ် ၆တန်းကနေ ၇ တန်းတက်မဲ့ ကျောင်းသားတွေနဲ့ ၉တန်းကနေ ၁၀တန်းတက်မဲ့သူတွေ ပါပါတယ်။ ၁၂ တန်းကျောင်းသားတွလည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဖို့ ပြင်ဆင်ရမှာဖြစ်လို့ ဒီလိုပြဿနာတွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ချိန် မရှိတာကြောင့် စာမေး ပွဲအစီအစဉ်တချို့ ရွှေ့ရမလားဆိုတာကို မနက်ဖန်အစည်းအဝေးမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်လို့ ချင်နာဖတ်က ပြောပါ တယ်။ ဒီအစည်းအဝေးမှာ အမျိုးသားပညာရေးစစ်ဆေးမှုအဖွဲ့၊ အထက်တန်းပညာရေး ကော်မရှင်ရုံးနဲ့ ထိုင်းနိုင်ငံ တက္က သိုလ် နာယကကောင်စီ အပါအ၀င် သက်ဆိုင်တဲ့အဖွဲ့တွေက အရာရှိတွေ တက်ရောက်မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၅၊ ၂၀၁၁ (The Nation)













0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်