ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, November 29, 2011

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် အမြဲတမ်းကြော်ငြာဘုတ်များထက် ယာယီကြော်ငြာဘုတ်များကိုသာ ပိုမိုစိုက်ထူခွင့်ပြုသွားမည်

w79_23

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် အမြဲတမ်းကြော်ငြာဘုတ်များထက် ယာယီကြော်ငြာဘုတ်များကိုသာ ပိုမိုစိုက်ထူခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ အမြဲတမ်းကြော်ငြာဆိုင်းဘုတ်များမှာ အချို့နေရာများတွင် လူသွားလာမှုကို အနှောင့်အယှက်ဖြစ်နေခြင်းကြောင့် အမြဲတမ်းကြော်ငာဘုတ်များ ခွင့်ပြုပေးခြင်းကို လျော့ချကာ ယာယီကြော်ငြာဘုတ်များကိုသာ ပိုမိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

''အဓိက မြို့တွင်းခြောက်မြို့နယ်မှာ ယာယီဘုတ်တွေကိုပဲ ပိုပြီးခွင့်ပြုသွားမယ်။ အမြဲတမ်းဘုတ်တွေကို လျော့သွားမယ်။ အခြားမြို့နယ်တွေမှာတော့ ပုံမှန်အတိုင်းပဲ ခွင့်ပြုသွားမယ်'''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ယာယီကြော်ငြာဆိုင်းဘုတ်များအား အချိန်အနည်းဆုံးနှစ်ပတ်၊ သုံးပတ်မှ အများဆုံးတစ်လအထိ ခွင့်ပြုပေးကြောင်း၊ ကြော်ငြာခနှုန်းထားများအနေဖြင့် တစ်ပတ်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ အမြဲတမ်း ကြော်ငြာဘုတ်များကို တစ်နှစ်တစ်ခါ သက်တမ်းတိုးစနစ်ဖြင့် ခွင့်ပြုခြင်းဖြစ်ပြီး ကြော်ငြခအနေဖြင့် ၁ စတုရန်းပေလျှင် ကျပ် ၃၅၀၀ မှ ၅၀၀၀ အထိသတ်မှတ်ကြောင်း သိရှိရသည်။
ယခုအခါ ရန်ကုန်မြို့၌ အမြဲ တမ်းကြော်ငြာဘုတ်များထက်ယာယီ ကြော်ငြာဘုတ်များဖြင့်ကြော်ငြာမှု ပိုမိုများပြားနေကြောင်းသိရှိရသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လူသွားစင်္ကြန်များတွင်လည်း လူသွားလာမှုကို အနှောင့်အယှက်ဖြစ်စေသော မည့်သည့်ကြော်ငြာဆိုင်းဘုတ်ကိုမျှ စိုက်ထူခွင့်မပြုတော့ကြောင်း၊ စိုက်ထူပြီးသား ဆိုင်းဘုတ်များကိုလည်း သက်တမ်းပြည့်ပါက ထပ်မံသက်တမ်းတိုး ပေးတော့မည်မဟုတ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com