ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 19, 2011

ကဒါဖီ သားအကြီး ကို ဖမ်းဆီးရမိ

20libya2-span-articleLarge

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ သားအကြီး ဖြစ်သူ ဆာအိဖ် အစ္စလာမ် ကို လစ်ဗျား နိုင်ငံ တောင်
ပိုင်း သဲကန္တရ မြို့  တစ်ခု ဖြစ်တဲ့ အိုဘာရီ နဲ့ ဆာဘား မြို့ ကြား မှာ ဒီနေ့ ဖမ်းဆီး ရ မိလိုက်တယ် လို့ 
လစ်ဗျား ရုပ်သံ ဌာနတွေ က ထုတ် လွှင့် မှု ကို ကိုးကား ပြီး ရိုက်တာ သတင်း ဌာန က ဖော် ပြ ခဲ့ ပါ
တယ်။

အင်္ဂလန် နိုင်ငံ မှာ ဘွဲ့ ရရှိ ခဲ့ တဲ့ ဆာအိဖ် အစ္စ ဆာအိဖ် အစ္စလာမ် ဟာ ၂၀၁၁ခုနှစ် မှာ ဖြစ်ပွား ခဲ့တဲ့
လစ်ဗျား လူထု အုံ ကြွမှု အတွင်းမှာ အပြစ်မဲ့ ပြည်သူ တွေ ကို သတ်ဖြတ် ခဲ့ မှု နဲ့  နိုင်ငံ တကာ ရာဇ၀တ်
မှု ဆိုင်ရာ တရား ရုံးက ဖမ်းဝရမ်း ထုတ် ခံ ထား ရ သူ တစ်ဦး ဖြစ်ပါတယ်။

ကဒါဖီ ရဲ့  သား ဖြစ်သူ လိုက်ပါလာတဲ့ ကားတန်း ဟာ လစ်ဗျား နိုင်ငံ ထဲ က နေ နိုင်ဂျာ နိုင်ငံ ထဲကို
ထွက် ပြေး ခိုလှုံ ဖို့  ပြု လုပ် နေစဉ်မှာ ပဲ လစ်ဗျား နိုင်ငံ အနောက်ပိုင်း က ဇင်တန် တောင်တန်း တွေ
မှာ အခြေစိုက် တဲ့ တပ်က ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

သူ ရဲ့  ကားတန်း က နေ ပြန်လှန် ပစ်ခတ် မှု တွေ လုပ်ခဲ့ ပေ မယ့် နောက် ပိုင်း မှာ အညံ့ခံခဲ့တယ်လို့ 
ဆိုပါတယ်။ကဒါဖီ ရဲ့  သား နဲ့  အတူ အခြား သုံး ဦး ကို လည်း ဖမ်းဆီး ရမိခဲ့ ပါတယ်။

ဆာအိဖ် အစ္စလာမ် ဖမ်းဆီးရမိ ချိန် မှာ သူဟာ ယခင် ကတည်းက ရရှိ ခဲ့ တဲ့ ဒဏ်ရာတွေ နဲ့  အခုထွက်
ပြေး ဖို့  ကြိုးစားစဉ် မှာ ရရှိ ခဲ့ တဲ့ ဒဏ်ရာ တွေ တွေ့ ရပြီး ယခု ဖမ်းဆီး မှု မှာ ကြီးကြီးမား မား ထိခိုက် ဒဏ်ရာ မရရှိ ပဲ
ကျန်းမာရေး ကောင်းတယ် လို့  တပ်မှုး တစ်ဦ Othman Mliegta က CNN ကို ပြောပါတယ်။

ကဒါဖီ ရဲ့  သား အကြီး ဖြစ်သူ ဆာအိဖ် အစ္စလာမ် ဟာဖမ်းဆီးရမိ ချိန် မှာ အသတ် ခံရတဲ့ ဖခင် ဖြစ်သူ နဲ့  အကို အတွက်
ဖခင် နဲ့  အကို ဖြစ်သူ အတွက် လက်စား ချေမှု တွေ လုပ်လာ နိုင်တဲ့ အတွက် သူ့  ကို ဖမ်းဆီးရမိတာ ကောင်းတယ်
တိုင်း ပြည် အတွက် အန္တရာယ် တစ်ခု လျှော့ ပါးတယ် လို့  လစ်ဗျား ကြား ဖြတ် အစိုးရ က သတင်း ထုတ်ပြန် ပါတယ်။

ဆာအိဖ် အစ္စလာမ် ဖမ်းဆီးရမိ ပြီးနောက် မြို့ တော် ထရီပိုလီ နဲ့  လစ်ဗျား တော်လှန်ရေး စတင် တဲ့ မြို့  ဖြစ်တဲ့ ဘန်ဂါ
ဇီ မှာ ပြည်သူ တွေ က အောင် ပွဲ ခံနေကြပါတယ်။

လစ်ဗျား ကြားဖြတ် အစိုးရ ၀န်ကြီးချုပ် နဲ့  တရား ရေး ၀န်ကြီး ကတော့ အရှင် ဖမ်းမိတဲ့ ကဒါဖီ ရဲ့  သား အကြီးဆုံး ကို
တရားမျှတ မှု ရှိတဲ့ ဆုံးဖြတ် ချက် တွေ နဲ့  အညီ စစ်ဆေး မေးမြန်း မှာဖြစ်ပြီး လွတ်လပ် တဲ့ တရား စီရင် ရေး စနစ် နဲ့ 
ဆုံးဖြတ် မှာ ဖြစ်တယ် လို့  ဆိုပါတယ်။

လက်ရှိ လစ်ဗျား နိုင်ငံ ရဲ့  တရားစီရင် ရေး စနစ် အရ ဆာအိဖ် အစ္စလာမ် ဟာ ပြစ်မှု ထင်ရှား ရင် သေဒဏ် ပေး ခံရမှာ
ဖြစ်ပါတယ်။နိုင်ငံ တကာ ရာဇ၀တ် မှု ဆိုင်ရာ တရားရုံး ICJ ကိုလွှဲပြောင်းပေးအပ် ရင် တော့ သူဟာ ကုလသမဂ္ဂ နဲ့ 
နိုင်ငံ တကာ စစ်ရာဇ၀တ် မှု ဆိုင်ရာ တရား ဥပေဒ တွေ နဲ့  အညီ အရေးယူ ခံရမှာ ဖြစ်ပါတယ်။

သူဟာ London School Economist ကနေ ဘွဲ့ လွန် စီးပွားရေး ပညာရရှိ ခဲ့ပါတယ်။ နိုင်ငံ တကာ ခရီးစဉ် တွေ မှာ
ဟိုတယ် အကောင်းစား တွေ မှာ တည်းလေ့ ရှိ ပြီး ၊ ပါတီ ပွဲ တွေ ပေးကာ ၊ ငွေကြေးမြောက်မြား စွာ သုံးဖြုန်းသူ တစ်
ဦး ဖြစ်ပါတယ်။

သတင်း နှင့် ဓာတ်ပုံ – ရိုက်တာ၊ နယူးယောက် တိုင်း နှင့် CNN

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com