ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, November 16, 2011

၂ဝ၁၄ အလှည့်ကျ အာဆီယံဥက္ကဋ္ဌနေရာ မြန်မာအား ထောက်ခံ

၂ဝ၁၄ ခုနှစ်၌ အာဆီယံ ဥက္ကဋ္ဌရာထူး ထမ်းဆောင်ခွင့် ရရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို အာဆီယံဝန်ကြီး များက ထောက်ခံခဲ့ကြကြောင်း အင်ဒိုနီးရှားမှ လာသော သတင်း များအရ သိရသည်။
ဘာလီကျွန်းတွင် ကျင်းပသော အစည်းအဝေး၌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အင်နီဖာ အာမန်က သတင်းထောက်များ အား မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ ရာထူး ကို ရရှိရေးအတွက် အာဆီယံအဖွဲ့ဝင် အားလုံးက သဘောတူကြောင်း ပြောကြားလိုက်သည်။ ”သူတို့ဟာ ဒီမိုကရေစီရေး အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ကို လှမ်းခဲ့ကြပါပြီ။ အိမ်ရှင်အဖြစ် အစည်းအဝေးကို လက်ခံကျင်းပခွင့်ပြုပြီးတော့ ဒီ ထက်ပိုပြီး ရှေ့တိုးဆောင်ရွက် အောင် အားပေးသင့်ပါတယ်” ဟု ၄င်းက ပြောသည်။ ၂ဝဝ၆ ခုနှစ်က အလှည့်ကျ ဥက္ကဋ္ဌရာထူးကို မရရှိခဲ့ခြင်းမှာ ဒီမိုကရေစီ စနစ်ကို မကျင့်သုံးခြင်းနှင့် လူ့အခွင့်အရေး မှတ်တမ်းအပေါ် ဝေဖန်မှု များ ပြင်းထန် ခဲ့၍ဖြစ်သည်။ သို့ရာတွင် အရပ်သားအစိုးရ သစ်သည် အကျဉ်းသားလွှတ်ခြင်း စသည့် မယုံနိုင်ဖွယ် ဆောင်ရွက် ချက်များကို ပြုလုပ်ခဲ့ကြောင်း၊ အကယ်၍ ဥက္ကဋ္ဌရာထူးကို ပေးအပ်ခဲ့ပါက ထိပ်သီးစည်းဝေးပွဲကို လက်ခံကျင်းပရမည့်အပြင် အမေရိကန်အစိုးရပါ တက်ရောက်မည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ ကိုလည်း လက်ခံကျင်းပခွင့်ရမည် ဖြစ် ကြောင်း သိရသည်။ ”ဝန်ကြီးအားလုံးက ထောက် ခံပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် ကြိုဆိုပါတယ်” ဟုလည်း နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ဤဆုံးဖြတ်ချက် သည် ဤရက်သတ္တပတ်အတွင်း ကျင်းပမည့် အစည်းအဝေးတွင်မှ အတည် ပြုမည်ဖြစ်ကြောင်း အင်ဒို နီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီ ဂါဝါက ပြောကြားခဲ့ သည်။ ”ကျွန်တော်တို့ စေ့စေ့စပ်စပ် ဆွေးနွေးခဲ့ကြပါတယ်။ အားလုံးကတော့ အပြုသဘောနဲ့ပဲ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်” ဟု ၄င်းက ဝန်ကြီးအဆင့်ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။ ”တကယ်လို့ သဘောထားကွဲလွဲတဲ့အမြင် တစ် စုံတစ်ရာရှိရင်လည်း အံ့အားသင့် မှာပါ”ဟုလည်း ၄င်းက ဆက် လက် ပြောကြားခဲ့သည်။ ”မြန်မာနိုင်ငံရဲ့ ဥက္ကဋ္ဌရာထူး ရရှိရေး အခြေအနေတွေ ကတော့ အပြု သဘော ဆောင် တယ်လို့ အားလုံးက နားလည် လက်ခံထား ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်ခွင့်ရ တဲ့အတွက် မြန်မာနိုင်ငံမှာ အခု ထက်ပိုပြီး မြန်ဆန်တဲ့ အရှိန် အဟုန် နဲ့ အပြောင်းအလဲတွေဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။ အာဆီယံဥက္ကဋ္ဌ ဖြစ်လာရေး နှင့်ပတ်သက်၍ NLD ပါတီ ဗဟို အလုပ်အမှုဆောင် ဟံသာဝတီ ဦးဝင်းတင်က ”ဥက္ကဋ္ဌ ဖြစ်လာပြီဆို ဥက္ကဋ္ဌလုပ်ခဲ့တဲ့ အားလုံးသော နိုင်ငံများနည်းတူ မြန်မာ နိုင်ငံကိုလည်း တန်းတူပြောင်း လဲမှုတွေ လုပ်နိုင်မယ်။ စီးပွားရေး လွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်၊ နိုင်ငံရေး လွတ်လပ်ခွင့် တွေ ပြောင်းလဲလုပ်ပေးနိုင်ရင် တော့ အကျိုးသက်ရောက်မှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတိုင်း ဥက္ကဋ္ဌအနေနဲ့ မြန်မာ နိုင်ငံကို မြှင့်တင်ပေးနိုင်ရင် အ ကောင်းဆုံးဖြစ်မှာပါ” ဟု ပြောသည်။
Ref: VOA, AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com