ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, November 18, 2011

မြန်မာရှစ်ဦးပါ တရုတ်(တိုင်ပေ) ကုန်တင်သင်္ဘော ရေအောက် ကျောက်ဆောင်နှင့် တိုက်မိ၍ မြန်မာတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံး

တရုတ်(တိုင်ပေ) မြောက်ပိုင်း Keelung ဆိပ်ကမ်းအနီးတွင် တရုတ်(တိုင်ပေ)ပိုင် ပနားမားမှတ်ပုံတင် ကုန်တင်သင်္ဘောတစ်စင်းသည် ရေအောက်ကျောက်ဆောင် တစ်ခုနှင့် တိုက်မိကာ ပျက်စီးသွားခဲ့ပြီး လက်ရှိ အခြေအနေအရ မြန်မာတစ်ဦး သေဆုံးသွားခဲ့ကာ အခြား နိုင်ငံသားငါးဦးလည်း သေဆုံးသွားပြီး လေးဦးမှာမူ ရှာဖွေနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ပနားမားမှတ်ပုံတင် Jui Hsing အမည်ရှိ တရုတ်(တိုင်ပေ) သင်္ဘောပေါ်တွင် သင်္ဘောသား ၂၁ဦး ပါဝင်ကာ အင်ဒိုနီးရှား နိုင်ငံသားကိုးဦး၊ မြန်မာနိုင်ငံသားရှစ်ဦး နှင့် တရုတ်(တိုင်ပေ) နိုင်ငံသား လေးဦး ပါဝင်ကြောင်း သိရပြီး ခြောက်ဦး သေဆုံးခဲ့ကာ လေးဦးမှာ ရှာဖွေနေရဆဲဖြစ်ကြောင်း နှင့် ၁၁ဦးကို ကယ်ဆယ်ရေးများက ကယ်ဆယ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ "ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတွေကတော့ ဆိုးရွားတဲ့ ရာသီဥတုကြား ထဲမှာ ဆက်လက် ရှာဖွေနေရဦးမှာပါပဲ။ အင်္ဂါနေ့ (၄-၁ဝ-၂ဝ၁၁)အထိတော့ သေဆုံးသူ ခြောက်ဦးရှိသွားခဲ့ပါပြီ။ ပထမကတော့ လေးဦးပဲတွေ့တာပါ။ ဒီနေ့ပဲ နောက်နှစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရတာပါ" ဟု NRCC မှတာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ အဆိုပါ သင်္ဘောမှာ ဆီတန်ချိန် ၃၁၂တန်နှင့်အတူ ကျောက်စရစ်ခဲ ၁၁၅ဝဝ တန်ကိုလည်း တင်ဆောင်လာခဲ့သည်ဟု သိရကာ ရေအောက်ကျောက်ဆောင် တစ်ခုနှင့် တိုက်မိသွားပြီး ပျက်စီးသွားခဲ့ရခြင်းဖြစ်ကြောင်း နှင့် ၎င်းမှာတန်ပိုတင်ဆောင်မှု အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပြီး နှစ်မိုင်ဝန်းကျင်အထိ ဆီတန်ချိန်ပေါင်း ၂၇၅တန်ယိုစိမ့် ပျံ့နှံ့သွားမှု ဖြစ်ပွားသွားခဲ့သည်ဟု သိရသည်။ "ရာသီဥတုက ခွင့်မပြုလည်းပဲ ကျွန်တော်တို့ ရေပြင်တစ်လျှောက် ဆီယိုစိမ့်ပျံ့နှံ့သွားမှုတွေကို လေ့လာရင်းနဲ့ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေရဦးမှာပါ" ဟု NRCC မှတာဝန်ရှိသူ ကပြောကြားသည်။
ရုပ်မြင်သံကြားမှ ပြကွက်အရ သင်္ဘောပျက်စီးသည့်အချိန်တွင် အလုပ်သမားတစ်ဒါဇင်နီးပါးသည် အန္တရာယ်ကင်းစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်ဟု သိရသည်။ အဆိုပါ သင်္ဘောသည် Keelung ဆိပ်ကမ်းမှ တနင်္ဂနွေနေ့ညတွင် တရုတ်ပြည် အရှေ့တောင်းပိုင်း Fujian ပြည်နယ်သို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း၊ တနင်္လာနေ့ညနေ ၃နာရီခွဲတွင် ယင်းအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသား ရှစ်ဦးတွင် တစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com