ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 26, 2011

ယီမင်သမ္မတ အာဏာလွှဲပြောင်းပေးရန် လက်မှတ်ရေးထိုး

b34_17
ယီမင်သမ္မတ အဗ္ဗဒူလာဆာလက်ဟ် နိုဝင်ဘာ ၂၂ ရက်နေ့က သမ္မတရုံးတွင် ထိပ်တန်းခေါင်းဆောင်များကို တွေ့ဆုံနေစဉ်

ယီမင်သမ္မတ အဗ္ဗဒူဆာလက်ဟ်သည် ပင်လယ်ကွေ့က ကြားဝင်စေ့စပ်ထားသော အာဏာလွှဲပြောင်းရေး အစီအစဉ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဆော်ဒီထိပ်တန်းတာဝန်ရှိသူတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။

ဆာလက်ဟ်သည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ အစီအစဉ်ကို လက်မှတ်ရေးထိုးရန် ဆော်ဒီမြို့တော် ရီယာ့ဒ်သို့ ရောက်ရှိနေကြောင်း ယီမင်နိုင်ငံပိုင်ရုပ်သံက နိုဝင်ဘာ ၂၃ ရက်နေ့ အစောပိုင်းတွင် ကြေညာခဲ့သည်။ ဆော်ဒီဦးဆောင်သော ပင်လယ်ကွေ့နိုင်ငံများက ဆာလက်အာဏာလွှဲပြောင်းပေးလျှင် ၎င်းနှင့် ၎င်း၏ဆွေမျိုးများကို ကာကွယ်ပေးမည်ဟု ကမ်းလှမ်းထားသည်။ ဆာလက်သည် ဒုသမ္မတ အဒရာ ဘိုမန်ဆာဟာဒီကို အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့မှုကြောင့် နိုင်ငံမှာစီးပွားရေး ပြိုလဲမှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျပ်အတည်း လပေါင်းများစွာ ကြုံခဲ့ရသည်။ယီမင်ကို ၃၃ နှစ် ကြာအုပ်ချုပ်ခဲ့သော ဆာလက်ဟ်၏ အုပ်စိုးမှုကို အဆုံးသတ်ရန် ကန့်ကွက်ဆန္ဒပြမှုများကြောင့် ၁၀ လကြာ ပဋိပက္ခတွင် လူရာပေါင်းများစွာ သေဆုံးခဲ့သည်။

ဆာလက်ဟ်သည် အာဏာလွှဲပြောင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဆေးဝါးကုသရန်အတွက် နယူးယောက်သို့ သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့ သည်။ ဆာလက်ဟ်က ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးနှင့် သဘောတူညီချက်အရ ရက် ၉၀ အတွင်းရာထူးမှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်ရုပ်သံ France 24 သို့ပြီးခဲ့သည့် တစ်ပတ်က ပြောကြားခဲ့သည်။ ဒုသမ္မတ ဟာဒီသည် နှစ်နှစ်တာကြားဖြတ်အစိုးရအတွက် သမ္မတအဖြစ် ရွေးချယ်မခံရမီ ရက် ၉၀ အတွင်း ဆာလက်ဟ်သည် ဂုဏ်ထူးဆောင်သမ္မတအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။

Ref:CNN

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com