ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 12, 2011

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၇)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ ကျင်းပ

 b32_17

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၂၇) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်က စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကပ်လှူပူဇော်ရန်အတွက် ၂၇ ကြိမ်မြောက် မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲပြုလုပ်၍ ရရှိလာသည့်မသိုးသင်္ကန်းများကို ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲတွင် ရက်ကန်းစင် ကိုးစင်ဝင်ရောက် ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရက်ကန်းပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက် ည ၈ နာရီ ၂၆ မိနစ်အချိန်တွင်စတင်ခဲ့ပြီး ည ၁၀ နာရီတွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့က ရက်လုပ်ထားသည့် မသိုးသင်္ကန်းများကို စိစစ်ရွေးချယ် ဆုချီးမြှင့်သွားမည်ဖြစ်ကာ ပြိုင်ပွဲမှရက်လုပ်ထားသည့် မသိုးသင်္ကန်းများကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်အရုဏ်တက် ၄ နာရီအချိန်တွင် အခမ်းအနားဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များကို ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲသို့ညအိပ်စောင့်သည့် ဘုရားဖူးများ များပြားစွာလာရောက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်များသို့ ကပ်လှူပြီးစီးသည်အထိ စောင့်ဆိုင်းဖူးမြော်ကြမည် ဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com