ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 12, 2011

ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားတက်ရောက်မှု မြင့်တက်လာပြီး မလေးရှားနိုင်ငံသားများဦးရေ အများဆုံးစာရင်းတွင် ပါဝင်လာ


b32_20
ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုကို နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်

ရွှေတိဂုံစေတီတော်သို့ အောက်တိုဘာလအတွင်း ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုဦးရေမှာ တစ်သောင်းဝန်းကျင် မြင့်တက်မှုရှိလာပြီး မလေး ရှားနိုင်ငံသားများ တက်ရောက်မှု အများဆုံးစာရင်း၌ ပါဝင်နေကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။

အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုအရေအတွက်မှာ ၂၀၈၀၇ ဦး ရှိခဲ့ပြီး အဆိုပါလ မတိုင်ခင် စက်တင်ဘာလအတွင်းက ၁၀၉၃၆ ဦး တက်ရောက်မှုရှိသည်။ ထိုသို့ ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှု အများဆုံးလူမျိုးများစာရင်းတွင် ပုံမှန်အားဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် စပိန်တို့ တက်ရောက်မှုများ လေ့ရှိကြပြီး အောက်တိုဘာလအတွင်းတွင်မူ ထိုင်းနှင့် တရုတ်လူမျိုးများကာ မလေးရှားလူမျိုးများ တက်ရောက်မှုမှာ တတိယအများဆုံးဖြစ်နေကြောင်း သိရသည်။

''ဒီနှစ်ထဲမှာဆိုရင် ရွှေတိဂုံ စေတီတော်ကို ဧပြီလကစပြီး ဧည့်နိုင်ငံခြားသားတက်ရောက်မှု လျော့နည်းခဲ့ပြီး ဇွန်လတုန်းကဆိုရင် ဧည့်နိုင်ငံခြားသား ၉၇၇၀ ဦးပဲတက်ရောက်မှု ရှိခဲ့တယ်။ ဇူလိုင်လနဲ့သြဂုတ်လမှာတော့ တစ်လ ကိုပျမ်းမျှ ၁၃၀၀၀ ကျော် တက်ရောက်မှုရှိခဲ့ပြီး စက်တင်ဘာလ မှာ ၁၀၉၃၆ ဦးပဲတက်ရောက်ခဲ့မှုရှိ ရာက ပွင့်လင်းရာသီကာလအစဖြစ်တဲ့ အောက်တိုဘာလမှာ ဧည့်နိုင်ငံခြား သားတက်ရောက်မှုက ပြန်လည်မြင့် တက်လာ တဲ့အတွက် အဲဒီလမှာ ဧည့် နိုင်ငံခြားသား ၂၀၈၀၇ ဦးတက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအပြင် ရွှေတိဂုံစေတီတော်ကို ဧည့်နိုင်ငံခြားသားတက်ရောက်မှု စာရင်းပြုစုထားချက်အရ ပုံမှန်ဆိုရင် တက်ရောက်မှု အများဆုံး လူမျိုး စာရင်းမှာ ထိုင်းနဲ့တရုတ်ပြီးရင် ဂျပန်၊ စပိန်နဲ့ကိုရီးယားက နောက်ထပ်အများဆုံးစာရင်းမှာ ပါဝင်လေ့ရှိပေမယ့် အောက်တိုဘာလထဲမှာတော့ မလေးရှားလူမျိုးက တက်ရောက်မှု တတိယအများဆုံးဖြစ်နေပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုအရေအတွက်မှာ ၂၀၈၀၇ ဦးရှိခဲ့သော်လည်း နှစ်ဆန်း ပိုင်းကာလများဖြစ်သော ဇန်န၀ါရီလ၌ ၂၅၉၈၃ ဦး၊ ဖေဖော်ဝါရီလ၌ ၂၆၀၃၅ ဦးနှင့် မတ်လ၌ ၂၃၁၀၄ ဦး တက်ရောက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com