ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Monday, November 14, 2011

တောင်တရုတ်ပင်လယ်အရေးဖြင့် အာဆီယံဆွေးနွေးပွဲများစတင်

တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုကိုကိုင်တွယ်ရာတွင် သက်ဆိုင်သည့်နိုင်ငံအားလုံးက လိုက်နာလက်ခံမည့် လုပ်ထုံးလုပ်နည်း Coduct (CoC) ဖန်တီးရေးနှင့် ပတ်သက်သော ဆွေးနွေးမှုများဖြင့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို စတင်ခဲ့ပါသည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်သောဆွေးနွေးမှုကို နိုဝင်ဘာလ ၁၃ရက်နေ့တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံများမှ အကြီးတန်းအရာရှိများ၏ တွေ့ဆုံမှုဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။
တောင်တရုတ်ပင်လယ်အရေး ကိုင်တွယ်ရာတွင် လိုက်နာလက်ခံမည့် လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်အသီးသီးက လက်ခံလိုသည့် ပုံစံကွဲပြားနေသောကြောင့် နူဆာဒူအာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲမှာ ဟန်ပြသဘောမျှသာရှိခဲ့သည်။

သို့ရာတွင်အနာဂတ်တွင် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွားပါက တရုတ်ကို အာဆီယံနိုင်ငံများ ပူးတွဲရင်ဆိုင်မည် ဆိုသည့်သဘောကိုပြသခဲ့သည်။
တရုတ်နှင့်အာဆီယံနိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့အကြား တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုမှာ ဒေသတွင်းတင်းမာမှုဖြစ်စေသည့် အဓိကအကြောင်းအရာ ဖြစ်နေခဲ့သည်။ ပြီးခဲ့သည့်မေလအတွင်းတွင် နှစ်ဖက်စလုံးကတင်းမာမှု လျှော့ချရေးအတွက် လိုက်နာရမည့် စည်းမျဉ်းများကို မူအားဖြင့်သဘောတူညီခဲ့ကြပြီးဖြစ်သည်။ ယခုဆွေးနွေးမှုတွင်မူ လက်ခံလိုက်နာမည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး ထပ်မံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

"CoC ရရှိရေးဆွေးနွေးမှုဟာ အစောပိုင်းအဆင့်မှာပဲရှိပါသေးတယ်။ ဒါပေမဲ့ကျွန်တော်တို့ စညှိနေပြီလို့ပြောလို့ရပါတယ်"ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန လုံခြုံရေးနှင့် နိုင်ငံရေးရာညွှန်မှူး အဒီပက်ဒ်မိုက မီဒီယာများကိုရှင်းလင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com