ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, November 27, 2011

အမေရိကန်ဒေါ်လာ ငါးသိန်းဖိုးနှင့်အထက် တင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များ ကားသွင်းခွင့်ပြု

ပို့ကုန်လုပ်ငန်းရှင်များ၊ ဟိုတယ်ခရီးလုပ်ငန်းလုပ်ကိုင်သူများ၊ သင်္ဘောသားနှင့် ပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက်အလုပ် လုပ်ကိုင်နေသူများအပြင် သွင်းကုန်လုပ်ငန်းရှင်များကိုလည်း ကားတင်သွင်းခွင့်ပြုကြောင်း နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာငါးသိန်းဖိုးနှင့်အထက် တင်သွင်းထားသည့် သွင်းကုန်လုပ်ငန်းရှင်များအား တစ်ဦးလျှင် တစ်စီးနှုန်းကားတင်သွင်းခွင့်ပြုထားကြောင်း သိရှိရသည်။

''အခုဘဏ္ဍာရေးနှစ်ထဲမှာ အမေ ရိကန်ဒေါ်လာငါးသိန်းဖိုးနဲ့အထက် တင်သွင်းထားတဲ့သွင်းကုန်လုပ်ငန်း ရှင်တွေကို တစ်ဦးကို ကားတစ်စီးနှုန်း တင်သွင်းခွင့်ပြုဖို့ အဖွဲ့ကဆုံးဖြတ် ထားပါတယ်။ ငါးသိန်းဖိုးနဲ့အထက် တင်သွင်း ထားတဲ့ လုပ်ငန်းရှင်တွေ လာရောက်လျှောက်ထားနိုင်ပါပြီ''ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုမင်းက ပြောကြားခဲ့သည်။

''ပို့ကုန်လုပ်ငန်းရှင်အနေနဲ့ ကားသွင်းခွင့်ရထားတဲ့သူတွေတော့ မပါဘူး။ ဥပမာ ပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးလုပ်ငန်းနဲ့ ကားသွင်းခွင့်ရထားတဲ့ သူတွေဆိုရင် သွင်းကုန်လုပ်ငန်းအတွက် ထပ်ပြီးခွင့်ပြုပေးမှာ မဟုတ်ပါဘူး။ လူတစ်ဦးကို တစ်စီးနှုန်းလို့ပဲ သတ်မှတ်ထားတဲ့ အတွက်ပါ။ ပို့ကုန်မှာရပြီးရင် သွင်းကုန်အတွက် လာလျှောက်လည်း ချန်လှပ်ထားမှာပါ။ ပို့ကုန်မှာမရတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို တစ်ဦးတစ်စီးနှုန်းပေးဖို့ စီစဉ်ထားတာ ပါ''ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com