ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, November 16, 2011

ရေဘေး အလှူပန်းချီပြပွဲအတွက် ပန်းချီကားအလှူရှင်များကို ဖိတ်ခေါ်

ပခုက္ကူဒေသတွင်း ရေဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် ကျင်းပမည့် ရန်ပုံငွေ ပန်းချီပြပွဲအတွက် ပန်းချီကားများအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရသည်။

ယင်းပြပွဲကို လှိုင်းမဲ့ရေပြင် အမည်ဖြင့် လောကနတ်ပန်းချီခန်းမတွင် ကျင်းပရန်စီစဉ်ထားပြီး ဒီဇင် ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားကြကြောင်း သိရှိရသည်။

''အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ပခုက္ကူက ရေဘေးသင့်ပြည်သူတွေကို ပန်းချီအနုပညာရှင်တွေကလည်း တတ်စွမ်းသမျှ လှူဒါန်းလိုတဲ့စိတ်ကြောင့် ကျင်းပတာဖြစ်ပါတယ်။ အခုစပြီး အလှူခံနေပါတယ်။ လှူဒါန်းတဲ့ ပုံစံကတော့ ပန်းချီဆရာရဲ့ ဆန္ဒအတိုင်းပါပဲ။ ရာခိုင်နှုန်းအလိုက် လှူဒါန်းတာမျိုးရော၊ ပုတ်ပြတ် လှူဒါန်းတာမျိုးရော အစရှိသည်ဖြင့် ရှိမှာပါ။ရောင်းရတဲ့အပေါ်သတ်မှတ်ပြီး ကျန်တာအားလုံး လှူဒါန်းမှာဖြစ်ပါ တယ်'' ဟု စီစဉ်သူက ဆိုပါသည်။

ယင်းသို့ ရန်ပုံငွေပန်းချီပြပွဲများကို ယခုနှစ်ပိုင်းအတွင်း၌ ပြသမှုများပြားလာခဲ့ပြီး ယခုနှစ်အတွင်း၌ပင် မီးအိမ်ရှင်အဖွဲ့မှ မိဘမဲ့ကလေးများ ရန်ပုံငွေပွဲ၊ဆရာကြီးဦးသုခရန်ပုံငွေ ပန်းချီပြပွဲများကိုလည်း ကျင်းပခဲ့ကြောင်း သိရှိရ သည်။

ယခု ကျင်းပမည့်ပြပွဲအတွက် ပန်းချီကားများကို နောက်ဆုံးပေးပို့ရမည့်ရက်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ဖြစ်ပြီး ကတ်တလောက်အတွက် နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ဖြစ်ကြောင်း သိရှိရသည်။ လှူဒါန်းလိုသော ပန်းချီဆရာများသည် လောကနတ် ပန်းချီခန်းမ မန်နေဂျာ၊ ရှင်မတောင်စာပေမှ ကိုမျိုးဆင့်၊ ပန်းချီကျော်ဖြူစံနှင့် ပန်းချီလှထွဏ်းအောင်စသူတို့ထံတွင်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com