ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, November 27, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ ရှိနေပါက ၎င်းတို့ကို ဆူပူမှု၊ အုံကြွမှုအတွက်မပါဘဲ နိုင်ငံရေးကြောင့်ဆိုပါကအထူးကိစ္စ တစ်ရပ်အနေဖြင့် စဉ်းစား

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများရှိနေပါက ၎င်းတို့ကို ဆူပူမှု၊ အုံကြွမှု အတွက်မပါဘဲ နိုင်ငံရေးကြောင့်ဆိုပါက အထူးကိစ္စတစ်ရပ် အနေဖြင့် စဉ်းစားပေးနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မီဒီယာတစ်ခုက “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ သူတို့ တွေကိုရော ဘယ်ကာလမှာ အကြွင်းမဲ့ လွှတ်ပေးဖို့ အစီအစဉ်ရှိပါသလဲ”ဟု မေးမြန်းချက်ကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဒီနေရာမှာ ဒီစကားနဲ့ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက် ပေါ့လေ။ တစ်ဖက်နဲ့တစ်ဖက်ဆိုတာ အစိုးရဘက်နဲ့ တောင်းဆိုတဲ့ဘက် ပေါ့လေ။ ဒီလိုစကားရပ်အပေါ်မှာ အငြင်းပွားတာတော့ ရှိကောင်းရှိမယ်။ မိမိအနေနဲ့တော့ ဒီလိုအငြင်းပွားတဲ့ စကားရပ်ကိုမသုံးဘဲနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ အကျဉ်းသားများ(သို့မဟုတ်) နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား တွေရှိတယ်ဆိုလို့ရှိရင်လည်း အများနည်းတူ စဉ်းစားတဲ့နေရာမှာ သူတို့တွေ အတွက်တော့ ခုနကအမှန်တကယ်ပဲ ဒီဆူပူမှု၊ အုံကြွမှုအတွက် မပါဘဲ နိုင်ငံရေးကြောင့် ဆိုလို့ရှိရင်တော့ နိုင်ငံတော်အနေနဲ့ အထူးကိစ္စ တစ်ရပ်အနေနဲ့ စဉ်းစားနိုင်တဲ့ သဘောရှိပါတယ်။ လွှတ်တော်အနေနဲ့ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ပြောမယ်ဆိုလို့ရှိရင်လည်း မိမိတို့လွှတ်တော်က ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ဆိုတာက ဒီလွှတ်တော် အစည်းအဝေးမှာပဲ လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် သက်သာခွင့်ရရှိဖို့ အတွက် လွှတ်တော်အနေနဲ့လည်း အဆိုပြု ဆောင်ရွက်ခဲ့တာ ရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက “အကျဉ်းသား ထပ်လွှတ်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာလည်း ပြောကြတယ်။ အပြင်မှာလည်း ပြောကြတယ်။ လွှတ်ပေးဖို့ ကျန်သေးတယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံအဖြစ် သွားနေတဲ့နေရာမှာ ဒီမိုကရေစီရရှိရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ပြောဆို မျက်စိဖွင့်ပေးခဲ့တဲ့ ကျောင်းသားတွေ၊ လူငယ်တွေ၊ နယ်ပယ်အသီးသီးက လူတွေက အခု ကျွန်တော်တို့လုပ်နေတဲ့ လွှတ်တော်နိုင်ငံရေးမှာ တော်တော်လေးမပါကြသေးတာ တွေ့ရပါတယ်။ အဲဒီထဲက လူတချို့က ထောင်ထဲမှာ ကျန်နေကြတာကို တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com