Thursday, November 24, 2011

ထက်ထက်မိုးဦး ကို တရားရုံးက ပထမဦးဆုံး အကြိမ်ကြားနာမှုစတင်

မင်းသမီး ထက်ထက်မိုးဦးကို တရားရုံးက ပထမဆုံး အကြိမ်ကြားနာမှု စတင်လိုက်ကြောင်း သိရသည်။ ၄-၁၀-၂၀၁၁ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်း စုပေါင်းရုံးရှိ ရန်ကင်းမြို့နယ် တရားရုံးတွင် တရားသူကြီး ဒေါ်ထွေးထွေးက ယင်းအား ပထမဆုံး ကြားနာစစ်ဆေးခြင်း ဖြစ်သည်။ စစ်ဆေးမှုများကို ၁၈-၁၀-၂၀၁၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း ၊ အဆိုပါစစ် ဆေးကြားနာမှုသို့ ခင်ပွန်းဖြစ်သူနှင့် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ "အေးသူစံကိုတော့ စစ်ပြီးပါပြီ စုစုပေါင်း တရားရုံးကိုသွားရတာ ၅၁ကြိမ်ပေါ့ ၊ အခု၅၂ကြိမ်မှာလည်း တစ်ဖက်ကို စစ်မှာမို့လာခဲ့တယ်" ဟု 7Day သတင်းထောက် အေးသူစံက ပြောသည်။ သတင်းထောက်က သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် တရားစွဲခဲ့ရာ ယခုအခါ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ တစ်ခုတည်းသာ ရှိတော့ကြောင်း သိရသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်