ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 26, 2011

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို တရားထပ်မံစွဲဆိုမည်

 b34_21

လွန်ခဲ့သည့် ၂နှစ်ခန့်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မဂူအင်ဒန်အိုခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် သေဆုံးခဲ့သူများ၏ဆွေမျိုးများက အဆိုပါလုပ်ရပ်ကို သမ္မတဟောင်း အာရိုယိုက လက်နက်များ ကူညီပေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေက ပြောကြားလိုက်သည်။

၂၀၀၇ ခုနှစ်၊ အထက်လွှတ်တော် ရွေးကောက်ပွဲများတွင် မဲလိမ်ခဲ့မှုဖြင့် ဖိလစ်ပိုင်ရဲများက အာရိုယိုအား နိုဝင်ဘာလလယ်ပိုင်းအတွင်း ဖမ်းဆီးထားခဲ့ရာ ၎င်းအနေဖြင့် ယခုအမှုကို ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ဒေသတွင်း ရွေးကောက်ပွဲများတွင် နိုင်ငံရေးပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတောင်ပိုင်း မဂူအင်ဒန်အိုခရိုင်မှ အမ်ပက်တူ ယန်ဆွေမျိုးစု ခေါင်းဆောင်များသည် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အာရိုယို၏ အစိုးရသည် အမ်ပက်တူယန်များအား စစ်လက်နက်အကူအညီများ ပေးခြင်း၊ နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်များကို တိုက်ခိုက်ရာတွင် ဖိလစ်ပိုင်တပ်ဖွဲ့၏ ကိုယ်ပွားအဖြစ် အမ်ပက်တူယန်တပ် များကို လှုပ်ရှားခွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမ်ပက်တူယန်ဆွေ မျိုးစုခေါင်းဆောင်ကိုလည်း ၎င်း၏သားဖြစ်သူနှင့်အတူ ယခုအခါ ဖမ်းဆီးထားပြီး ၂၀၀၇ ခုနှစ်၊ အထက်လွတ်တော် ရွေးကောက်ပွဲများတွင် အာရိုယိုအားကူညီခဲ့မှုဖြင့် နို ၀င်ဘာလလယ်အတွင်းက ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com