ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Saturday, November 26, 2011

တစ်နှစ်အတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်သွားမည်

လျှောက်ထားပြီး တစ်နှစ်အတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ကြေညာချက်ထုတ် ပြန်ထားကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက် လျှောက်ထားသူများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ လာရောက်ထုတ်ယူရန် ကြေညာထားပြီး အဆိုပါရက် ကျော်လွန်သွားပါက နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်သွားမည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံကူးလက်မှတ်များကို လာရောက်ထုတ်ယူခြင်း မရှိနိုင်သည့် အကြောင်းရင်းများတွင် ပုံစံ (၁၉)လျောက်ထားရန်အတွက် အခွန်မကြေသူများ၊ နိုင်ငံရပ်ခြားသို့ထွက်ခွာရန် ဆေးစစ်ရာတွင် ဆေးကျရှုံးသူများ၊ နယ်ဝေးမှလာရောက်၍ နိုင်ငံကူးလက်မှတ် လျှောက်ထားပြီး ရန်ကုန်မြို့သို့ ထပ်မံလာရောက်နိုင်ခြင်း မရှိတော့သူများ၊ နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ်က ထုတ်ပေးလိုက်သည့် လက်ခံစလစ် ပျောက်ဆုံးနေသူများ ပါရှိနိုင်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် တစ်နှစ်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူးလက်မှတ် ထုတ်ယူနိုင်ခြင်းမရှိသူ အရေအတွက်မှာ တစ်သိန်းကျော်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com