Thursday, November 24, 2011

‘ပေါ်ပြူလာ မောင်နှမ’

popular1

ပေါ်ပြူလာ မောင်နှမ ကဏ္ဍလေးမှာ ရတီပရိသတ်ကြီးကို မိတ်ဆက်ပေးချင် တာကတော့ Lady First Fashion Catalogue စာအုပ်ကို စီစဉ်ထုတ်ဝေသူ မော် ဒယ်၊ သရုပ်ဆောင် ‘ခိုင်ငြိမ်းငြိမ်းစံ’ နဲ့ မကြာခင် ပြသတော့မယ့် ‘အသက်ထက်မြတ်တဲ့ဂုဏ်’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသူ ‘ကောင်းထက်သူ’ တို့ပဲဖြစ်ပါတယ်။ မောင်နှမ နှစ်ယောက်စလုံးဟာ အနုပညာ အားကောင်းကြတဲ့ အပြင်အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်မှာမို့ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက် ပါတယ်နော်…

မမေ့နိုင်တဲ့ ငယ်ငယ်ကအမှတ်တရ
ခိုင်ငြိမ်းငြိမ်းစံ -
မောင်လေး(၅) တန်းတုန်းက စာကျက်နေတဲ့ အချိန် မှာ ”သားကိုမြွေပေါက်သွားတယ်” ဆိုပြီးပြောတော့ အစ်မတို့က နောက်တယ်ထင်ပြီး အမေနဲ့စကား ဆက်ပြောနေတယ်။ တကယ်ပေါက် သွားတယ်ဆိုပြီး ထပ်ပြောတဲ့အချိန် မှာထကြည့်လိုက်တော့ မြွေထွက်သွားတာ တွေ့လိုက်ရတယ်။ ညတွင်းချင်း ဆေးရုံပြေး ရတာပေါ့။ မောင်လေးလည်း စာမေးပွဲကို ဆေးရုံမှာပဲ ဖြေလိုက်ရတယ်။

ကောင်းထက်သူ - အစ်မက Pharmacy 1st year ၊ 2nd year လောက်မှာ တိုက်ဖိုက်ဖြစ်တာလေ။ ကြောက်စရာ၊ လန့်စရာကြီး။ SSC ဆေးရုံမှာ တက်လိုက်ရတယ်။ စာမေးပွဲဖြေခါနီးမှာဖြစ်တာ၊ စာမေးပွဲလည်း မဖြေနိုင်ဘူး။ အဲဒါလေးကတော့ အရမ်းစိုးရိမ်ခဲ့ရတဲ့ အမှတ်တရလေးပါ။

မတူညီတဲ့ နှစ်သက်မှု
မောင်လေးက ဘောလုံးပွဲ ကြိုက်တယ်။ အစ်မ TV ကြည့်ရင် မောင်လေးက လာပြီးဘောလုံးပွဲ လိုင်းကိုပြောင်းလိုက်ရော။ အဲဒါဆိုရင် ရန်ဖြစ်ရပြီ။

တူညီတဲ့ နှစ်သက်မှု
နှစ်ယောက်လုံး ဝက်သားကြိုက်တယ်။ ဝက်သားတုတ် ထိုးကြိုက်တယ်။ ကြေးအိုးကို ဝက်သားနဲ့ ကြိုက်တယ်။ အဖေကတော့ ဝက်သားစားတာ မကြိုက်ဘူး။ မောင်လေး ကတော့ အခုမစားတော့ဘူး။ အစ်မကတော့ မဖြတ်နိုင်လို့ ဆက်စားနေတယ်။ အခုတော့ သိပ်ပေါင်းလို့ မရတော့ဘူး။ အရင်တုန်းကဆိုရင် ပေါင်းလို့ရတယ်။

ထူးခြားချက်များ
ခိုင်ငြိမ်းငြိမ်းစံ – ကိုယ့်ကိုယ်ကိုယ် တော့ သိပ်မပြောတတ်ဘူး။ အဲဒီ တော့ သူ့ဘက်ကအမြင် ကိုယ့်ဘက် ကအမြင်ကို ပြောမယ်နော်။ အစ်မ မျက်စိထဲမှာတော့ မောင်လေး ကို ကလေးလေးလို့ပဲ မြင်တာပေါ့။ ဒါပေမဲ့ အခုဆိုအရွယ်ရောက်လာ ပြီပေါ့နော်။ ကိုယ်မသိလိုက်တဲ့အချိန် မှာမောင်လေးဟာ ဒီအရွယ်ရောက် လာပြီ။ ကိုယ်ပိုင် အရည် အချင်းလေး တွေ ရှိလာတယ်။ မောင်လေးရဲ့ ထူးခြားချက်က အလုပ်တစ်ခုလုပ်ရင် စိတ်ဝင်တစား စူးစူးစိုက်စိုက်လုပ် တတ်တယ်။ မလုပ်ရင်လည်း မလုပ်ဘူး။ လုပ်ရင်လည်း အာရုံစူးစူး စိုက် စိုက်နဲ့ သေချာလုပ်တတ်တာ ပေါ့ နော်။
ကောင်းထက်သူ – အစ်မက ရည်မှန်းချက်ကြီးတယ်။ အခု Lady First စာအုပ်ကို လည်း အောင် အောင်မြင်မြင်နဲ့ ထုတ်သွားနိုင် တယ်။ အခုဆို တစ်နှစ် ပြည့်သွား ပြီပေါ့နော်။ အစ်မက အခက်အခဲတွေ ရှိလည်း နောက်မဆုတ်ဘူး။ အောင် မြင်တဲ့အထိ ဆက်လက်ချီတက်ပြီး လုပ်တယ်။ အစ်မကိုတော့ အဲဒါ တစ်ခု သဘောကျတယ်။ ဇွဲရှိတာပေါ့နော်။

ရန်ဖြစ်စိတ်ကောက်တဲ့ အချိန်လေးများ
ခိုင်ငြိမ်းငြိမ်းစံ – ရန်ဖြစ်စိတ်ကောက် တာကတော့ ခဏခဏပဲ၊ တစ်ပတ် မှာ တစ်ကြိမ်လောက်ဖြစ်တယ်။ အစ်မကလည်း ကျန်တဲ့လူနဲ့ဆို သည်းညည်းခံတယ်။ မောင်လေးနဲ့ ကျတော့ အပြိုင်လိုလို၊ ဘာလိုလို ဖြစ်နေတာ။ အရမ်းလည်းကွာရဲ့သား နဲ့ တော်ရုံတန်ရုံဆို သည်းမခံတတ် ဘူး။ အစ်မက လည်းပြော၊ မောင်လေးက လည်း မခံဘူးလေ။ ရန်ဖြစ် စိတ်ကောက်လို့ရှိရင် အစ်မပဲ အရင်ပြန်ခေါ်ရတယ်။ မောင်လေး က အငယ်ဆိုပြီး ပြန်မခေါ်ဘူး။ မာနကြီးတစ်ခွဲသားနဲ့ပေါ့။
ကောင်းထက်သူ - ကျွန်တော် ဘောလုံးကန်လို့ ခြေထောက်တွေ တအားညောင်းတဲ့ အချိန်ဆိုရင် ”မုန့်သွားစားမယ်၊ မုန့်သွားစားမယ် လမ်းထိပ်လိုက်ပို့”ဆိုပြီး စက်ဘီးနဲ့ လိုက်ပို့ခိုင်းတယ်။ အရင်တုန်းက ကားမမောင်းတတ်ဘူးလေ။ ကျွန် တော်က ”မရဘူး၊ ခြေထောက် အရမ်းညောင်းနေလို့”ဆိုရင် စိတ် ကောက်တယ်လေ။ အဲဒါ တစ်ရက်၊ နှစ်ရက်လောက် မခေါ်ကြဘူး။ နောက်ပိုင်းကျမှ ပြန်ခေါ်တာ။
စည်းလုံးတတ်တဲ့အချိန်များ
အဓိကက အဖေအမေနဲ့ မတည့်တဲ့အချိန်ဆိုရင် စည်းလုံးသွား တာပေါ့နော်။ တည့်နေရင်တော့ သိပ်မစည်းလုံးဘူး။ သူ့အကြောင်း ကိုယ်ထောင်၊ ကိုယ့်အကြောင်း သူ ထောင်နေတာလေ။ အဖေ၊ အမေနဲ့ နှစ်ယောက်စလုံး သိပ်အဆင်မပြေတဲ့ အချိန်ဆိုရင် ပြန်စည်းလုံးပြီး သူ့ကိုကာပေး၊ ကိုယ့်ကိုကာပေးနဲ့ ပေါ့နော်။
ရှေ့ဆက်မယ့် အနာဂတ်ခရီး
ခိုင်ငြိမ်းငြိမ်းစံ - အစ်မကတော့ အနုပညာအလုပ်တွေကို မလုပ် တော့ပါဘူး။ အစ်မအခုလက်ရှိလုပ် နေပြီး Lady First လိုအနုပညာနဲ့ ပတ်သက်တဲ့ Media လမ်းကြောင်း လေးအတိုင်းဆက်သွားမယ်။ ပြီး တော့ Media နဲ့ပတ်သက်တဲ့ အလုပ်တွေ၊ စီးပွားရေးတွေ ဆက်လုပ်မယ် ပေါ့နော်။
ကောင်းထက်သူ – ကျွန်တော်ကတော့ သရုပ်ဆောင်အလုပ်ပဲဆက် လုပ်သွားမှာပါ။
သီတာစိုး

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်