Thursday, November 17, 2011

မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခဲ့

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာ ပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကချင်ပြည်နယ်၊ ပူတာအို မြို့ရှိ မျက်စိဝေဒနာရှင် များအား ယခု လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ အခမဲ့သွားရောက် ကုသပေးခဲ့ကြောင်း သိရသည်။

အခမဲ့ မျက်စိစမ်းသပ် ကုသ ရေးအစီအစဉ်တွင် သီတဂူဆရာတော် ကြီးနှင့်အတူ ပြည်တွင်းပြည်ပမှ ဆရာ ၀န်၊ ဆရာမကြီးများနှင့် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံမှ ဆရာဝန်များက မျက်စိဝေဒနာရှင် ၈၀၀ ကျော်အား စမ်းသပ်ကုသမှုများပေးခဲ့ပြီး ဝေဒနာ ရှင် ၉၂ ဦးအား ခွဲစိတ်ကုသကာ မျက်စိ အလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ် ဖြစ်မြောက်နိုင်ရန် ထူးဖောင်ဒေးရှင်းမှ ကျပ်သိန်း ၄၀၀ ကျော် သုံးစွဲခဲ့သည့်အပြင် သီတဂူဆရာ တော်ကြီးနှင့်အတူ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သော ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်