Tuesday, November 15, 2011

မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌအဖြစ် တာဝန်ပေးတော့မည်

ASEAN၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌအဖြစ် တာဝန်ပေးရန်၊ အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် အစည်းအဝေးမှ ယနေ့ ဆုံးဖြတ်လိုက်ကြောင်း အင်ဒိုနီးရှား သတင်းများမှာ ဖေါ်ပြပါရှိပါသည်။ မြန်မာနိုင်ငံသည်၊ အာဆီယံဥက္ကဌ ဖြစ်ရေးအဆိုကို (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲ အပြီး၌ တင်ပြ တောင်းဆို ထားပါသည်။ ပထမ အဆင့်၌ ဆုံးဖြတ်နိုင်ပြီး ဖြစ်သည့်အတွက် ကျင်းပရန် ရှိသည့် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အတည်ပြုရန်သာ ရှိတော့သည်။


No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်