Friday, November 18, 2011

ဒံပေါက်ဆိုင်များတွင် ခွင့်မပြု ဆိုးဆေးပါဝင်မှု ရှိ၊ မရှိ စစ်ဆေးလျက်ရ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဒံပေါက်ဆိုင်များ၏ ဒံပေါက်ထမင်းတွင် ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်း ရှိ၊ မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဗ တို့ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ၇-၁၁-၂ဝ၁၁ ရက်တွင် သိရသည်။ ထိုသို့စစ်ဆေးရာတွင် ဒံပေါက်ထမင်းဆိုင်များအနေဖြင့် အစားအသောက်အတွက် ခွင့်မပြုဆိုးဆေး သုံးထားမှုကို တွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒံပေါက်ထမင်းများတွင် ဆိုးဆေးပါဝင်မှု ရှိ၊ မရှိကို အောက်တိုဘာလကုန်ပိုင်းကစ၍ ဆိုင်ခြောက်ဆိုင် နမူနာများယူပြီး စစ်ဆေးလျက်ရှိ၍ အခြားဆိုင်များကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး စစ်ဆေးမှုအပြင် နေပြည်တော်ရှိ ဒံပေါက်အရောင်းဆိုင်များတွင် စစ်ဆေးခဲ့ပြီး နေပြည်တော်ရှိ ဒံပေါက်ဆိုင်တစ်ဆိုင်တွင် အသုံးပြုခွင့်မပြုထားသည့် အော်ရာမင်း o ခေါ် ချည်ထည်ဆိုးဆေး တစ်မျိုးသုံးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်