Saturday, November 26, 2011

ကုန်သည်ကြီးများ ဟိုတယ် သွပ်အနီများ ကာရံထား


ရန်ကုန်မြို့လယ်ခေါင်ရှိ ကုန်သည်ကြီးများ ဟိုတယ် အဓိက ဝင်ပေါက်များကို နိုဝင်ဘာ ၁၈ ရက်မှ စကာ သွပ်အနီကြီးများဖြင့် ထူးထူးခြားခြား ကာရံထားကြောင်း တွေ့ မြင်သူများက ပြောသည်။
”အကြီးစား ပြုပြင်မှု လုပ်စရာရှိ လိုပါလို့ လုံခြုံရေး အစောင့်တစ်ဦး က ပြောပြတယ်” ဟု နေ့စဉ် ၄င်း ဟိုတယ်ဘေးမှ ဖြတ်သန်း၍ အလုပ်သွားနေသူ တစ်ဦးက ပြော သည်။
၎င်းက ဆက်လက်၍ ”ဟိုတယ် အဓိကဝင်ပေါက်ကို သွပ်အနီကြီးတွေကို ကာတာအပြင် ဆူးလေ ဘုရားလမ်းဖက်က ဝင်တဲ့အပေါက်ကိုပါ သော့ခတ်ထားတယ်” ဟု ပြောသည်။
ကုန်သည်ကြီးများ ဟိုတယ်၌ နိုဝင်ဘာလ ၁၈ ရက် ညတွင် ပြုလုပ်ခဲ့သည့် SCG ဘိလပ်မြေ ဧည့်ခံပွဲတွင်လည်း အစီအစဉ် ကြေညာသူ ဒေါ်တင်မိုးလွင်မှ ပြောသည့် ကြေညာ စကားတချို့ကြောင့် ပွဲတက်သူ တချို့ သို့လောသို့လော ဖြစ်ခဲ့ကြောင်း ၄င်းပွဲသို့ သတင်း တက်ရောက်ယူခဲ့သည့် သတင်းထောက် တစ်ဦးက ပြောသည်။
”သတင်းထောက် လုပ်ခဲ့တဲ့ အချိန်ကစပြီး ကုန်သည်ကြီးများ ဟိုတယ်မှာ တက်ခဲ့တဲ့ ပွဲတွေမှာ ဒီလို တစ်ခါမှ မကြေညာခဲ့ဖူးဘူး။ ပွဲစစချင်းပဲ သူက စပြောတာ။ လြုံခုံရေး အရပါ ဒီမှာ အရေးပေါ် ထွက်ပေါက်တွေ ရှိပါတယ်လို့ ဟန်နဲ့ပန်နဲ့ ကြေညာလိုက်တော့ အရှေ့က သွပ်အနီကြီးတွေ ကာထားတာကို အချို့က သွားမြင်မိပြီး သူပြတဲ့ အရေးပေါ် ထွက်ပေါက်တွေ ဆီကိုပဲ မျက်လုံးတွေက စုပြုံရောက် သွားကြတယ်” ဟု ၄င်းသတင်းထောက်က သူ တွေ့ကြုံခဲ့ရသည်ကို ပြောပြသည်။
ယခု သွပ်ပြားနီကြီးများ ကာရံထားခြင်း သည် ဘယ်အတွက်ကြောင့် ကာရံထားပါသည်ဟု တိတိကျကျ သတိပေးကြေညာခြင်း မရှိသေး၍ အနီးပတ်ဝန်းကျင်မှ ဖြတ်သန်း သွားလာ သူတို့အတွက် သို့လော သို့လော ဖြစ်စေကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ အချို့က ပြောသည်။

မင်းသုအောင်

No comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်