ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 17, 2011

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် တရားဥပဒေ စိုးမိုးမှု မဖြစ်မနေလိုအပ်


ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း ပြောကြားနေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင် ရေးတွင် တရားဥပဒေစိုးမိုးမှု မဖြစ်မနေရှိ ရန်လိုအပ်သည်ဟု မှတ်ပုံတင်ထားချင်း မရှိသေးသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မှု တစ်နှစ် ပြည့်မြောက်သည့်နေ့ဖြစ်သည့် ယခုလ ၁၄ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မှတ်ပုံ မတင်ရသေးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါသတင်းစာရှင်းလင်း
ပွဲတွင် နိုင်ငံ၏ ဘက်ပေါင်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် တရားဥပဒေ စိုးမိုးမှုရှိရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ၎င်းကပြောသည်။

"ကျွန်မတို့နိုင်ငံမှာ ယခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ် အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုလို့ ကျွန်မမြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါပဲ။ ကျွန်မတို့နိုင်ငံတိုးတက်ရေး အတွက် လူတွေရဲ့စိတ်လုံခြုံဖို့ဆိုရင် ဥပဒေစိုးမိုးရေး ရှိရပါမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

လူ့အခွင့်အရေးကိစ္စများ၊ ပြည်တွင်း မငြိမ်မသက်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကိစ္စရပ်များတွင်လည်း ဥပဒေ စိုးမိုးမှုရှိမှ ဖြေရှင်းအောင်မြင်နိုင်မည်ဟု ၎င်းက ဆိုသည်။

"ယုံကြည်ချက်ကြောင့် အကျဉ်းသားဆိုတာက တရားဥပဒေစိုးမိုးမှုရှိတဲ့နိုင်ငံတွေမှာ မရှိပါဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံ မှုတွေကို တကယ်ပဲ လာစေချင်တယ်ဆိုရင် တရားဥပဒေ စိုးမိုးမှုရှိဖို့ လိုပါတယ်။ လာရင်းနှီးမြှုပ်နှံ မယ့်သူတွေက ဒီနိုင်ငံမှာ တရား ဥပဒေ စိုးမိုးမှုရှိမရှိဆိုတာ ကြည့်ပြီးမှ ရင်းနှီး မြှုပ်နှံသင့်၊ မသင့် ဆုံးဖြတ်မှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ တရားရေးမဏ္ဍိုင် မရှိ သေးဘူးဆိုတာက နိုင်ငံရေးသမားတွေ ဘယ်လိုဥပဒေတွေနဲ့ အကျဉ်းကျနေ သလဲဆိုတာကိုကြည့်ရင် သိနိုင်တာပဲလေ"ဟု ၎င်းက ပြောသည်။

တရားဥပဒေစိုးမိုးရေးအတွက် လွတ်လပ်ပြီး သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် ရှိရန်လိုအပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါကိစ္စအတွက် ဆက်လက် တိုက်တွန်းပြောဆိုသွားမည် ဟုလည်း ၎င်းကပြောသည်။ "တရားရေးမဏ္ဍိုင်က လွတ်လပ်ရမယ်၊ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိသရွေ့တော့ ကျွန်မတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေး ဆိုတာ မရှိလာ နိုင်ပါဘူး။ ဒါဟာ နိုင်ငံ တစ်နိုင်ငံအတွက် အင်မတန်မှ အရေး ကြီးတဲ့ကိစ္စလို့ ကျွန်မမြင်ပါတယ်။ ဒီဟာ ဟာ ဒီမိုကရေစီအတွက် မရှိမဖြစ် ရှိရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေခိုင်မာဖို့ လွတ်လပ် ပြီး သန့်ရှင်းတဲ့တရားရေးမဏ္ဍိုင်က အဓိကပါ။ "ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ တရား ဥပဒေစိုးမိုးရေးအတွက် ကြိုးစားနေတာ တစ်ခုကတော့ ဥပဒေ အထောက် အကူ အဖွဲ့ထူထောင်ထားခြင်း ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ ပြည်သူအားလုံးကို တရား ဥပဒေရှေ့မှောက်မှာ မျှမျှတတ စီရင်ခံ ချက်တွေရဖို့ ကူညီပါတယ်။ ဒီလိုနည်းနဲ့ တရားရေးမဏ္ဍိုင် ခိုင်မာအောင် ကြိုးစားပါတယ်"ဟု ၎င်းက ဆိုသည်။

အစိုးရသစ်တက်ပြီးသည့်နောက်ပိုင်း တွင် သမ္မတကြီးဦးသိန်းစိန်နှင့် တစ်ကြိမ်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် လေးကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီး တွေ့ဆုံမှုများတွင် တရားဥပဒေစိုးမိုး ရေးအတွက် လုပ်ဆောင်ရန် တိုက်တွန်း ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

"လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိဖို့ လူတိုင်းကနေ ကြိုးစားရမှာပါ။ ပြည်သူ တွေ ဘက်ကလည်း မတရားတာတွေကို ထောက်ပြရမယ်။ ဒီလိုထောက်ပြခြင်း အားဖြင့် ဒီလိုကိစ္စတွေတော့ ပြောင်းလဲဖို့ လိုတယ်ဆိုတာကို အစိုးရကနေ ကွက် ကွက်ကွင်းကွင်း မြင်လာ မှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းပါတီ၏ မှတ်ပုံတင်ရေးကိစ္စများနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုရင် ငြင်းဆိုခဲ့ပြီး အဆုံးအဖြတ်ပြုလုပ် မည့် နိုဝင်ဘာလ ၁၈ ရက်နေ့မှသာ အသိ ပေးမည်ဟု ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များနှင့် သံရုံးများမှ သတင်းဌာနကိုယ်စားလှယ် စုစုပေါင်း ၁၇၀ ကျော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များအပါအ၀င် စုစု ပေါင်း လူအယောက် ၃၀၀ ခန့် တက်ရောက် ခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com