ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 24, 2011

လက်လုပ်လက်စားဘဝများ တိုးတက်ရေး အကူအညီ ပေးနိုင်သောသူများနှင့် တိုင်ပင်နေဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် လက်လုပ်လက်စား ဘဝဖြင့် ရပ်တည်နေရသော ပြည်သူများ ဘဝတိုးတက်ရေးအတွက် အကူအညီပေးနိုင်သော အဖွဲ့ အစည်းများ၊ အကူအညီပေး နိုင်သောအလှူရှင်များနှင့် လက်တွေ့ကျကျ တိုင်ပင် ဆွေးနွေးနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယင်းနေ့က ဒေါ်အောင်ဆန်း စုကြည်နှင့် ဗြိတိန်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး အင်န်ဒြူးမစ် ချယ်လ်တို့ လှိုင်သာယာ မြို့နယ်ရှိအမေ့အိမ် အခမဲ့ စာသင်ကျောင်း သို့ လာရောက် လည်ပတ်စဉ် သူမက အထက်ပါအတိုင်း ပြောပြခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်၏ ဖွံ့ဖြိုးရေးနှင့် ဆိုင် သော ဝန်ကြီးဖြစ်သောကြောင့် မြန်မာနိုင် ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် မည်ကဲ့သို့ဆောင်ရွက်ရ မည်၊ မည်သည့် အကူအညီများ လို အပ်နေသည်ကို သိမြင်နိုင်စေရန် ခေါ်ဆောင်ပြသ ရခြင်းဖြစ် ကြောင်း သူမကထပ်လောင်းပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြန် မာ့နိုင်ငံရေးကြိုးပမ်းချက်များနှင့် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ တွင် အပြည့် အဝကူညီ ထောက်ခံ ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံဝန်ကြီးက ဆိုသည်။ လတ်တလော ကာလတွင် ပြည်ထောင်စုအစိုးရမှ ကြီးမှူးကျင်း ပနေသော ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစည်းအဝေးများ၊ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေး နွေးပွဲများသို့ဒေါ်အောင်ဆန်းစုကြည် မှ ပူးပေါင်း တက်ရောက်လေ့လာနေပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယခုအခါ အတိုးမဲ့ချေးငွေများ ထုတ်ချေးနေခြင်း၊ ပညာရေးဆိုင်ရာ အခမဲ့စာသင်ခန်းများ ဖွင့်လှစ်ခြင်း တို့ကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုအောက်တွင် လုပ်ဆောင် နေကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောကြား သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကဲ့သို့ အချို့သောအင်အားကြီးသည့် နိုင်ငံရေး ပါတီများကလည်း ၄င်းတို့၏ ပါတီ ရန်ပုံငွေများဖြင့် လက်လုပ်လက်စား သမားများအား ငွေကြေး ထုတ်ချေးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်နေကြောင်း ယင်းပါတီများထံမှ သိရသည်။
နိုင်လင်း

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com