ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, November 18, 2011

ရန်ကုန်မြို့မှ ငလျင် စတင်မလှုပ်နိုင်

ရန်ကုန်မြို့ပေါ်ရှိ မြေသားပြတ်ရွေ့ကြောင်းများမှ ငလျင်စတင်လှုပ်ခတ်ခြင်း လုံးဝဖြစ်မည်မဟုတ်ဟု မြန်မာနိုင်ငံငလျင်ကော်မတီမှသိရသည်။ ရန်ကုန်မြို့ နယ်နိမိတ် အနီးတစ်ဝိုက်၌ ငလျင်အရင်းအမြစ်အရ အဓိကငလျင်ပြတ်ရွေ့ ၃ နေရာရှိပြီး အဆိုပါနေရာများမှ ငလျင်လှုပ်ခတ်မှု၏ ပြင်းထန်အားများကိုသာ ရန်ကုန်တွင် ခံစားရ လေ့ရှိကြောင်း၊ မြေသားမာကြောမှုပုံစံများအလိုက် တစ်မြို့နယ်နှင့် တစ်မြို့နယ် ခံစားရမှုလည်း မတူညီကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ ”ငလျင်ပြတ်ရွေ့အဓိက နေရာကတော့ ပဲခူးနဲ့ သုံးခွမြို့ကြားမှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ဖြစ်ပြီးတော့ ငလျင်ပမာဏ ၇ ဒသမ ၂၊ ၇ ဒသမ ၃ လောက် ငလျင်ကြီးတွေ လှုပ်လေ့ရှိတယ်။ နောက်တစ်နေရာကတော့ တိုက်ကြီးမြို့ဘက်အခြမ်းမှာရှိတဲ့ ပဲခူးရိုးမအနောက်ဘက်ခြမ်း ပြတ်ရွေ့ဖြစ်ပြီးတော့ ငလျင် ကြီးတွေ လှုပ်လေ့မရှိဘူး။ မကြာခဏတော့ ပမာဏ ၃၊ ၄ လောက်ပဲလှုပ်တယ်။ ဒေးဒရဲပြတ်ရွေ့ကတော့ ပမာဏနည်းနည်းကြီးတဲ့ ၅၊ ၆ လောက်ရှိတဲ့ ငလျင်တွေလှုပ် လေ့ရှိပေမယ့် နှစ်တိုင်းမလှုပ်ဘူး။ ဒီတော့ ရန်ကုန်မြို့အတွက် အဓိကထား စဉ်းစားစောင့်ကြည့်ရတာကတော့ စစ်ကိုင်းပြတ်ရွေ့ပါပဲ”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆိုသည်။ ရန်ကုန်မြို့ပေါ်၌ မြေသားပြတ်ရွေ့များရှိသော်လည်း ငလျင်လှုပ်ခတ်နိုင်လောက်အောင် လှုပ်ရှားမှုများမရှိကြောင်း၊ ယခင်က လှုပ်ရှားမှုရှိဖူးသည့် အထောက်အထား များလည်း မတွေ့ရှိရကြောင်း သိရသည်။ ”မြေသားအနု၊ အရင့်အလိုက် ငလျင်ဒဏ်ခံစားရတာချင်းမတူဘူး။ ရွှေဂုံတိုင်တစ်ဝိုက်ဆိုရင် မြေသားမာတယ်။ မြို့လယ် ခေါင်ကုန်းတန်း တစ်လျှောက်မြေသားမာပြီး တောင်ဥက္ကလာမြို့နယ်လောက်ဆိုရင် နည်းနည်းပျော့သွားပြီး ရန်ကုန်မြို့အစွန်းလောက်ရောက်သွားရင် ပိုပြီးပျော့သွား တာတွေ့ရတယ်”ဟု ၄င်းကပြောသည်။
အောင်ရဲကျော်၊မင်းသုအောင်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com