ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 24, 2011

ပရိသတ်အများအပြား လက်မှတ် ၀ယ်မရတဲ့ မြန်မာပြည်သိန်းတန်ရဲ့ နှုတ်ဆက်ဂီတဖျော်ဖြေပွဲ


နိုဝင်ဘာလ ၁၆ ရက်နေ့က အမျိုးသားဇာတ်ရုံရှေ့မှာ မြန်မာပြည်သိန်းတန်ရှိုးပွဲလက်မှတ် ရောင်းချနေသူတစ်ဦး။
ဓာတ်ပုံ - ဘူးသီး

အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ မြန်မာပြည်သိန်းတန်က အနုပညာ မောင်နှမတွေနဲ့ ဖျော်ဖြေပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပြီးနောက် မကြာခင် နေထိုင်ရာ အမေရိကန်နိုင်ငံ ကို ပြန်လည်ထွက်ခွာမှာဖြစ်တာကြောင့် မပြန်ခင် နှုတ်ဆက်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။

ဖျော်ဖြေပွဲကို 'နှုတ်ဆက်ဂီတညချမ်း' လို့အမည်ပေးခဲ့ပြီး ပရိသတ် မြောက်မြားစွာရဲ့ စိတ်ဝင်စားမှုကိုရရှိပြီး အောင်မြင်တဲ့ ပွဲလေးတစ်ပွဲဖစ်ခဲ့ပါတယ်။

ဒါပေမယ့် အားပေးချင်တဲ့ပရိသတ်က အမျိုးသားဇာတ်ရုံမှာရှိတဲ့ ထိုင်ခုံအရေအတွက်ထက် ပိုမိုများပြားနေတာကြောင့် ပရိသတ် တော်တော်များများ လက်မှတ် မရဘဲ ပွဲမကြည့်ခဲ့ရဘူးလို့ ကြားသိရ ပါတယ်။

"လက်မှတ်ကြိုဝယ်ဖို့ MRTV-4 ကို သွားပေမယ့် ကုန်သွားတယ်ပြောလို့ ညနေ ဒီမှာလာဝယ်တော့လည်း လက်မှတ်တွေက ကုန်နေပြီ။ အခုလောလော ဆယ်ဝယ်ဖို့ကျတော့လည်း လက်မှတ် ဈေးတွေက အရမ်းတက်နေတာကြောင့် ပွဲစပြီးအချိန်လောက်ဆို နည်းနည်းပြန် ကျလာမလားလို့ စောင့်နေတာ" လို့ အမျိုးသားဇာတ်ရုံရှေ့မှာ အဖွဲ့လိုက်ကြီး မြန်မာပြည်သိန်းတန်ကို အားပေးဖို့ ရောက်လာကြတဲ့ မသန္တာကျော်နဲ့ သူငယ်ချင်းတစ်စုက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ပွဲစီစဉ်တဲ့ Forever Blossom က လက်မှတ်ဈေးနှုန်းတွေကို ကျပ် ၇,၀၀၀၊ ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ဆိုပြီးသတ်မှတ် ထားပေမယ့် ပွဲနေ့မှာတော့ ကျပ် ၃၀,၀၀၀၊ ၅၀,၀၀၀ နဲ့ ၆၀,၀၀၀ အထိ တောင် မြင့်တက်သွားခဲ့ပါတယ်။

အဲဒါကြောင့် ဒီလိုပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရနေတဲ့ တေးသံရှင် တစ်ယောက်ရဲ့ နှုတ်ဆက်ဂီတဖျော်ဖြေပွဲကို ဘာကြောင့် ထိုင်ခုံနေရာများတဲ့ နေရာမှာ မကျင်းပတာလဲလို့ ပွဲစီစဉ်တဲ့ Forever Blossom မှ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းကို မေးကြည့် တဲ့အခါ "ပထမပွဲတုန်းက သုဝဏ္ဏမိုးလုံ လေလုံအားကစားကွင်းမှာ အကြီးအကျယ် လုပ်ခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါပွဲကို အေးအေး ဆေးဆေး ကြည့်ချင်တဲ့သူတွေအတွက် အဓိကထားပြီး အမျိုးသားဇာတ်ရုံမှာ စီစဉ်လိုက်တာပါ"လို့ ရှင်းပြပါတယ်။

ဒါပေမယ့် စကားပြောချိုပြီး အသံ အား သက်လုံကောင်းလှတဲ့ မြန်မာပြည် သိန်းတန်က ည ၇ နာရီကနေ မနက် ပိုင်း ၁ နာရီခွဲ လောက်ထိ မမောမပန်း ဖျော်ဖြေသွားခဲ့တာကြောင့် လက်မှတ် ဈေးကြီးပေးပြီး ကြည့်ရတဲ့သူတွေရော၊ ပုံမှန်ဈေးနဲ့ ကြည့်ကြတဲ့ သူတွေပါ ကျေနပ်ကြတဲ့အပြင် လက်မှတ်မရလို့ ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ မကြည့်ရပေမယ့်လည်း MRTV-4 ရုပ်သံအစီ အစဉ်ကနေ ထုတ်လွှင့်ပြသပေးတာကြောင့် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com