ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, November 17, 2011

 စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာပါက ဗြိတိန်အပါအ၀င် နိုင်ငံတကာက လှိုက်လှဲစွာတုံ့ပြန်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုး


mitchell
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သုံးရက်ကြာလာရောက် လည်ပတ်ခဲ့သော အရင်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန၀န်ကြီး အန်ဒြူးမစ်ချယ်(လ်)က မြန်မာနိုင်ငံသည် စစ်မှန်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာပါက ဗြိတိန်အပါအ၀င် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက လှိုက်လှဲရက်ရောစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း မင်္ဂလာဒုံထောက်ကြံ့ ဓနသဟာယစစ်သင်္ချိုင်းတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မစ္စတာအန်ဒြူးမစ်ချယ်လ်က ယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း လွန်ခဲ့သည့် လေးနှစ်ခွဲက ရောက်ရှိခဲ့စဉ်ကထက် သိသာထင်ရှားစွာ ပြောင်းလဲနေပြီဖြစ်ကြောင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အခွင့်အရေးကောင်းများရှိနေသည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြောင်းလဲမှုများကို ကြိုဆိုသော်လည်း တိုးတက်ပြောင်းလဲမှုများ ထပ်မံဖြစ်ထွန်းရန် အရေးကြီးလိုအပ်နေကြောင်း အန်ဒြူးမစ်ချယ်လ်က ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုလိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိစေရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ နယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ နိဂုံးချုပ်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း လူ့အခွင့်အရေးနှင့် ဥပဒေဖြင့်အုပ်ချုပ်မှုတို့ကို လေးစားစေလိုကြောင်း အန်ဒြူးမစ်ချယ်လ်က ပြောကြားခဲ့သည်။

ထိုကိစ္စများသည် ဗြိတိန်နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးအတွက် အခြေခံကျသော အပြောင်းအလဲဖြစ်စေရန် လမ်းပွင့်လာစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မစ္စတာမစ်ချယ်လ်က မြန်မာနိုင်ငံတွင် အကျဉ်းသားများမကြာသေးခင်က လွှတ်ပေးခဲ့မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကြား တွေ့ဆုံဆွေးနွေးမှုတို့ ရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲမှုများ ရှိနေသည်ဆိုသည်မှာ သေချာကြောင်း၊ သို့သော်လည်း တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံအနာဂတ်အတွက် အဓိကကျသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မလာသေးကြောင်း ဘီဘီစီရေဒီယိုအစီအစဉ်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံကို နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီ အများဆုံးကူညီနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအပေါ်ကူညီမှုကို သိသိသာသာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ယခုနှစ် မတ်လက ကြေညာခဲ့သည်။ အဆိုပါကတိက၀တ်တို့၏ အစိတ်အပိုင်းအဖြစ် လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၃၀၀၊ ပေါင် ၁၈၅ သန်း ကူညီမည်ဟု ကတိပြုထားသည်။ အဆိုပါကူညီမှုများကို ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ ရပ်ရွာအုပ်စုများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အန်ဒြူးမစ်ချယ်လ်၏ ခရီးစဉ်ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com